အပိုင်း (၁၄)

171 15 0
                                    

(Unicode)

ဟင်?။ဘာအကောင်ကြီးလဲ။ထိုအရိပ်လိုလိုမဲမဲကြီးနဲ့ကောင်ကြီးကပေါက်စလေးကို ဖိထားသည်။ပေါက်စလေးကိုကြည့်မိတော့ အသက်ရှူရကြပ်ပြီ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။တင်မြင့် ထဖို့ကြိုးစားလိုက်ပေမဲ့ လက်ညိုးတချောင်းတောင်ပင့်လို့မရဖြစ်နေသည်။သူဘေးဘီကိုကြည့်လိုက်တော့ အိပ်မောကျနေသောမိုးမြင့်။သူမိုးမြင့်ကို အကျယ်ကြီးအော်ခေါ်လိုက်သည်။သို့သော် ဘာသံမျှမထွက်လာပေ။သူထိုသတ္တဝါကိုအတော်တန်ကြာ စိုက်ကြည့်လိုက်ပြီနောက်မှာ ထိုသတ္တဝါနှင့်မျက်လုံးချင်းစုံသွားသည်။သူထိုသတ္တဝါရဲ့မျက်လုံးနီကြီးတွေကို ရဲရဲစိုက်ကြည့်ပြီ စိတ်ထဲမှလည်း ဘုရားစာရွတ်လျက်ပင်။ခနကြာတော့ အရိပ်မဲမဲနဲ့ကောင်ကြီး က မီးတွေစစွဲလာပြီ နာကျင်စွာအော်တော့သည်။သူ့ကိုလောင်နေတဲ့မီးက ပေါက်စလေးရဲ့အနှီးအထိပါစွဲလာသောကြောင့် တင်မြင့်အားကုန်ရုန်းပြီထလိုက်သည်။

တင်မြင့်ထလိုက်ပြီ ဘေးကိုကြည့်လိုက်တော့ ပါးစပ်လေးဟကာတခေါခေါအိပ်ပျော်နေသောနှစ်ယောက်ကိုမြင်မှ အိမ်မက်ဆိုတာသိပြီစိတ်အေးရသည်။ပေါက်စလေးကိုကြည့်မိတော့ မိုးမြင့်ရဲ့စောင်နဲ့ဖုံးနေပြီ အသက်ရှူရခက်နေတဲ့ပုံပေါက်‌နေသောကြောင့် ဖယ်ပေးလိုက်ပြီ နဖူးလေးကို‌ မွှေးကြူလိုက်သည်။မိုးမြင့်ကိုကြည့်မိတော့ လက်တဖက်က ‌ခြင်ထောင်အပြင်ဘက်ကိုရောက်နေတာကြောင့် သူ့လက်ကို ခြင်ထောင်ထဲထည့်ပေးပြီ စောင်သေချာခြုံပေးလိုက်သည်။တင်မြင့်သိလာတာတခုက ဒီကောင် မကြီးမငယ်နဲ့စောင်ကိုကန်ထုတ်တတ်သေးသည်။ခြင်ထောင်ကိုလည်း ခြင်မဝင်အောင် ဖျားနဲ့သေချာပြန်ဖိလိုက်သည်။

မိုးမြင့်က ပက်လက်အိပ်‌နေရင်းမှ သူ့လက်ကိုဆွဲလိုက်တော့ သူနဲ့ပေါက်စဘက်ကို ပြန်လှည့်အိပ်လာသည်။ပါးစပ်လေးဟကာ အဖြူတုံးနှစ်တုံးမှာ သူ့အပြိုင်ငါဟောက်ပြီ အိပ်မောကျလျက်ရှိသည်။တင်မြင့်သဘောကျစွာ ပြုံးလိုက်ပြီ သူလည်း စောင်သေချာ ခြုံကာ ပြန်လှဲအိပ်လိုက်သည်။မိုးကလည်းသည်းကြီးမည်းကြီးရွာနေသောကြောင့် သူတို့နှစ်ယောက်မှာ ပုဇွန်ကွေးလေးကွေးကာ အလယ်ကပေါက်စနဲ့ ကပ်အိပ်နေပြီ သူတို့အချင်းချင်းလည်းနီးစပ်လျက်ရှိသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now