အပိုင်း(၁၂)

157 18 2
                                    

(Unicode)

မိုးမြင့်မှာ ဘုရားစာကိုအတည့်ဆိုလိုက် ပြောင်းပြန်ဆိုလိုက် ပြန်ပြောင်းလိုက်ဖြင့် ထိုဆိုင်ကို ရောက်လာတော့သည်။ကြားထဲသူလမ်းမေးတာ ချက်ချင်းမဖြေနိုင်လို့ ငေါက်ခံထိသေးသည်။အခုရောက်တော့လည်း ဘရိတ်အုပ်လိုက်တာ မပြောမဆိုတော့ ရပ်ခနဲ။မိုးမြင့်ကိုယ့်ဟာကိုယ်မထိန်းနိုင်ပဲ သူ့ကျောကုန်းနဲ့ကိုယ့်နဖူးတိုက်မိတော့ ပြန်ကြည့်လာတဲ့မျက်ထောင်နီတွေကြောင့်မိုးမြင့်မှာ ကြက်သီးတောင်ထသွားသည်။

"ကဲကိုယ်တော်ကြီးများရောက်ပါပြီခဗျာ"

ခပ်ရွဲ့ရွဲ့အသံနဲ့ပြောလာသောသူမှာ သူမျက်နှာကအစခပ်ရွဲ့ရွဲ့ဖြစ်နေသည်။မိုးမြင့်သာအဲ့လို ဘရိတ်အုပ်လိုက်ကြည့် ခေါင်းကို တူနဲ့ထုမလားတောင်မသိဘူး။ရွဲ့ပြောလာသူကြောင့်မိုးမြင့် မြန်မြန်ဆင်းလိုက်ပြီ ဆိုင်ထဲဝင်လာလိုက်သည်။ဆိုင်ထဲရောက်တော့
ဆိုင်ရှင်မနှင်းက ပြုံးပြပြီ ဆိုင်ထဲ လက်ယက် ခေါ်သည်။

" မဖူးစုံက ဒီမှာကလေးအသုံးအဆောင်တွေစုံတယ်ဆိုပြီ ညွှန်းပေးလိုက်လို့လေ"

"အော် ဖူးစုံညွှန်းလိုက်တာပေါ့  ကဲကဲဝင်လာကြလေ "

မိုမြင့်နဲ့တင်မြင့်လည်း ဟိုကြည့်ဒီကြည့်လုပ်ပြီ ဝင်လာကြသည်။

"ကလေးကဖြူဖြူဖွေးဖွေးလေးနဲ့တုတ်တုတ်လေးနော် မီးမီးလေးလား  အမမှာ ဒီအရွယ်အင်္ကျီလှလှလေးတွေရှိတယ် "

မနှင်းက ပြောပြောဆိုဆိုနဲ့ ဆိုင်ကပစ္စည်းတွေကြော်ညာပေးသည်။
ပထမဆုံးမနှင်းက မီးခိုးရောင်ဂါဝန်ပိစိလေးတထည်ဖြန့်ပြကာ

"သူလေးက တထည်ကို ၄၅၀၀ ချစ်စရာလေးမလား ဒါမဲ့အပန်းရောင်နဲ့ဒီအရောင်နှစ်မျိုးပဲလာတယ်"

"အာ..ဟုတ်ကဲ့ ဟိုလေအမ ကလေး ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် ဟာလေးတွေများရှိလားမသိဘူး"

"အော်ရမယ်ငါ့မောင်တို့ အရင်ဆုံးစပန့်ဝမ်းဆက်တွေကြည့်ကြည့်ပေါ့နော်"

မနှင်းက စကား‌တပြောပြောဖြင့် အင်္ကျီများကိုဖြန့်ပြပြီ အသားကောင်းကြောင်းဘာကြောင်းညာကြောင်း ရှင်းပြနေသည်။

အချစ်များစတင်ရန် ပန်းတစ်ပွင့်Where stories live. Discover now