Episode 5 [Unicode/Zawgyi]

1K 54 0
                                    

Unicode

"ဘာလို့ မလာသေးတာပါလဲ"

စိုင်းတစ်ယောက် ဒီနေ့မှ အစောကြီးထပြီး ပြင်ဆင်ထားခြင်းဖြစ်သည်။ အကြောင်းမှာ လှိုင်းခတ်သံ သူ့ကို ဝင်ခေါ်ရင် မစောင့်မှာစိုး၍ ဖြစ်သည်။
ရေမိုးချိုး ထမင်းစားသည့် အလုပ်များအား လျပ်းစီးအသွင်ဖြင့် လုပ်ဆောင်ထားသောကြောင့် မနက်ငါးနာရီလောက်ကတည်းက အကုန်ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။
သူ ဧည့်ခန်းထဲတွင် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေရင်း နာရီကို တစ်ခေါက်ပြန်ကြည့်လိုက်သည်။ အချိန်က ခုနစ်နာရီဆယ့်ငါးသာ ရှိသေးသည်။ သူကိုက ပိုလွန်းနေခြင်း ဖြစ်သည်။ သူ ဆိုဖာခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ့ရှေ့စားပွဲရှိ ပျားလိမ္မော်သီးအသေးတစ်လုံးကို ခွာပြီး ပါးစပ်ထဲ တစ်ခါတည်း ထည့်ပစ်လိုက်သည်။

ဒီနေ့မှ‌ အချိန်ကလည်း ကြာနေသလိုပင်။
သူ တွေးနေရင်းပင် လှေကားမှ အသံကြားလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့မှ ကလေးကို ပွေ့ထားသည့် မေမေလေး ဖြစ်နေသည်။ သူ ပုံမှန်ဆို လျစ်လျူရှုလိုက်မည် ဖြစ်သော်လည်း ဒီတစ်ခေါက်တော့ သူ ထိုသို့ မတွေးမိ။ သူ မေမေလေးနားကို သွားလိုက်သည်။

"ကျွန်တော့်ကို ကလေးပေးချီလို့ ရမလား"

မေမေလေးက အံ့ဩသွားပုံပင်။ သို့သော်လည်း သူ့အား ပြုံးပြုံးရွှင်ရွှင်ပင် ကလေးကို ပေးချီလေသည်။ သူလည်း ကလေးကို ညင်ညင်သာသာချီလိုက်ပြီး ဆိုဖာခုံပေါ် သွားထိုက်လိုက်ပြီး ကလေးနှင့် ဆော့နေလိုက်သည်။

မေမေလေးကတော့ ဘာကြောင့်မှန်းမသိ။ အပေါ်ထပ်ကို ပြန်တက်သွားလေသည်။ သူလည်း ဂရုမထားတော့ဘဲ ကလေးနှင့် ဆော့နေလိုက်သည်။ ကလေးဖြစ်သည့်အတွက် အသားနုသေးတာကြောင့် ဖောင်းအစ်နေသော ပါးများအား သူ ဆွဲညှစ်လို့လဲ မရပေ။ သူ ကလေးနှင့် ‌နူးနူးညံ့ညံ့သာ ကစားပေးနေလိုက်သည်။ ကလေးကလည်း သူ့အပေါ်တွင် ပျော်ပုံပင်။

ရုတ်တရက်ပင် အပေါ်ထပ်မှ ဆင်းလာသော သူ့အဖေကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ သူ့အဖေကတော့ ဘာမှမပြောပေ။ သို့သော် သူထံတွင် ပျော်ရွှင်သော အငွေ့အသက်များကို လူတိုင်း‌တွေ့နိုင်ပေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Där berättelser lever. Upptäck nu