Episode 34

518 38 1
                                    

လှိုင်းခတ်သံမှာ လက်မောင်းရှိဒဏ်ရာကို ပွတ်သပ်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။

"သခင်လေး ဆရာဝန် ရောက်ပါပြီ"

ဆရာဝန်က သူ့ဘေးနားကို ရောက်ချလာရင်း သူ့လက်မောင်းရှိဓားဒဏ်ရာကို သေချာစွာ ဆေးထည့်ပေးပြီး စီးနှောင်ပေးလေသည်။ ထို့နောက် ဘာစကားမှပင် မပြောဘဲ ချက်ချင်းထွက်သွားတော့သည်။

လှိုင်းခတ်သံမှာ ထိုင်ခုံကို မှီချလိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
အခန်းထဲရှိ သက်တော်စောင့်များမှာလည်း တိတ်ဆိတ်စွာ ရှိနေကြသည်။ အခန်းရှေ့‌တွင်တော့ လောလောလတ်လတ်မှ စွန်းသည့်သွေးကွက်များရှိလေသည်။

လှိုင်းခတ်သံမှာ သူ့အနီးဆုံးတွင် ရပ်နေသည့် သက်တော်စောင့်ကို အကြည့်ရောက်ရင်း မေးလိုက်သည်။
"ဘယ်သူလုပ်တာလဲ"

"Karos ပြောပုံအရတော့ Secret Fox ပါ.. ဒီတစ်ခေါက် FinCEN ရဲ့ SARs မှာ Secret Fox က အစီရင်ခံစာခြောက်ခုနီးပါးရပါတယ် ကျွန်တော်တို့ဘက်ကလည်း တစ်ခုတော့ ရပေမဲ့ ပြဿနာ မရှိပါဘူး.. Fox ဘက်က အဲ့ကိစ္စကို ကျွန်တော်တို့လုပ်တယ်လို့ ထင်နေတဲ့ပုံပါပဲ"

"FinCEN က ဘာလို့ရုတ်တရက်ကြီး ဝင်စစ်တာလဲ"

"FININT က ဒီတစ်ခေါက်မှာ ငွေမည်း 2.6 billion နီးပါး ထောက်လှမ်းနိုင်ခဲ့တာပါ.. အဲ့‌တာကြောင့် ကျွန်တော်တို့ ဘဏ်တွေအပေါ်ကို တော်တော်လေး သံသယဖြစ်နေတဲ့ပုံပါပဲ"

(Author Note |
FinCEN- ဘဏ္ဍာရေးမှုခင်းများ ဖော်ထုတ်ရေးကွန်ယက်
SARs- ဘဏ္ဍာရေးလှုပ်ရှားမှုများကို သံသယရှိသော အစီရင်ခံစာများ
FININT- ငွေကြေးထောက်လှမ်းရေးအဖွဲ့)

"Secret Fox က ငါတို့လုပ်တယ် ထင်ရလောက်အောင်တော့ တုံးမယ်မထင်ဘူး"

"Graisse တွေ ဝင်ရှုပ်လိုက်လို့ပါ.... Secret Fox ရဲ့ အကြီးဆုံး ဖောက်သည်  Hason က IGSED (အီးဒ်ဂတ်စ်) နဲ့ လက်တွဲမှာကို Graisse တွေကလည်း မလိုလားတဲ့ပုံပါပဲ အဲ့ဒါကြောင့် Fox ကို လှည့်စားပြီး သခင်လေးကို ပြန်ပေးဆွဲချင်နေတာပါ"

".. ငါ သိပြီ"

"သခင်လေး ဒိီနေရာက မလုံခြုံတော့ပါဘူး.. သခင်လေး ဒီနေရာကနေ... "

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now