Episode 49[Unicode/Zawgyi]

428 19 1
                                    

Unicode

စိုင်းမှာ မျက်စိဖွင့်လိုက်သည်နှင့် စူးထွက်နေသည့် အလင်းတန်းတို့ကြောင့် ပြန်ပိတ်မိလိုက်သည်။ သို့သော်လည်း မျက်လုံးရှိ အာရုံကြောများကို အတင်းသုံးမိလိုက်သည့်အတွက် ၎င်းနှင့် ဆက်စပ်နေသော ပါးရိုးတစ်ဝိုက်တွင် အောင့်တက်လာရသည်။ သူ ထချင်ပါသော်လည်း သူ့လက်နှင့် ခြေတို့ကို ချုပ်ထားသောကြောင့် လှုပ်၍ပင်မရ။

သူ ပါးစပ်ဟကာ အော်လိုက်ချင်ပါသော်လည်း အောင့်တက်လာသည့်ပါးရိုးကြောင့် မျက်ရည်ပင် ဝဲတက်လာရသည်။

သို့သော်လည်း ခဏအကြာတွင် သူ့လက်ဖဝါးကို အုပ်မိုးလာသည့် နူးညံ့သည့်အထိအတွေ့နှင့်အတူ လူတစ်ဦး၏ပုံရိပ်က သူ့အမြင်အာရုံတွင် ဝင်ရောက်လာသည်။

ရင်းနှီးသည်ဟု ထင်ရသည့် အမျိုးသားတစ်ဦး..

"နိုးပြီးလား"

သူ စကားမပြောနိုင်တာကြောင့် လက်ချောင်းသာ လှုပ်ပြလိုက်သည်။ ခဏအကြာတွင်တော့ အမျိုးသားက သူ့လက်ရှိ အချုပ်အနှောင်တို့ကို ဖယ်ရှားပေးလာသည်။ ထို့နောက် သူ့ကျောကုန်းအောက်ကနေ လက်လျှိုသွင်းပြီး ထိုင်နိုင်ရန် ကူညီပေးလာသည်။

စိုင်းမှာ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသည့် လူများက ဆယ်ယောက်ကျော်လောက်တောင် ရှိလိမ့်မည်။ ပြီးတော့ သူနဲ့ ရင်းနှီးသည့် နေရာတွင်လည်း မဟုတ်တာကြောင့် မျက်ရည်တို့က ကျဆင်းလာရသည်။

"ဘာဖြစ်လို့ ငိုနေတာလဲ"

လှိုင်းခတ်သံက သူ့မျက်ရည်များကို ခပ်ဖွဖွသုတ်ပေးရင်း စိုးရိမ်တကြီး မေးလာသည်။ စိုင်းမှာ ထိုလက်ကို ရိုက်ထုတ်လိုက်ပြီး လှိုင်းခတ်သံနှင့် ခပ်ဝေးဝေးကို ဆုတ်လိုက်သည်။ သူ ထိုအမျိုးသားကို မသိပါချေ။ လှိုင်းခတ်သံမှာတော့ သူ့ကို စိမ်းသက်စွာ ကြည့်နေသည့်မျက်ဝန်းများကြောင့် နာကျင်လာရသည်။

သို့သော်လည်း ဘေးနားရှိ ဘဲလ်ကိုတီးလိုက်ကာ ချက်ချင်းပင် ဆရာဝန်ခြောက်ယောက်လောက်ကာ ရောက်လာသည်။ နိုင်ငံခြားလူမျိုးတွေလည်း ပါသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now