Episode 8 [Unicode/Zawgyi]

802 41 4
                                    

Unicode

သူ့အိမ်ကို လာမည်ဆိုသော အုပ်စုတွင် လှိုင်းခတ်သံကို အရင်ဆုံး ရောက်လာသည်။ မကြာပါ မိုးဦးနှင့် ရောင်မင်းခန့်လည်း ရောက်လာသည်။ သူ့ဖေဖေကတော့ သူငယ်ချင်းတွေ လာမည့်ကိစ္စနှင့် ပတ်သတ်ပြီး ဘာမှမပြော။ အလုပ်ကိုတောင် အစောကြီး ထွက်သွားလေသည်။

အကုန်လုံးရောက်လာတော့ သူ ဧည့်ခန်းထဲတွင် နေရာချပေးလိုက်သည်။ အန်တီမြတ်ကတော့ လာမေးသည်။ သူတို့ ဘာလိုသလဲ ဆိုသည့်အကြောင်းကို။ သူလည်း အန်တီ့မြတ်၏ သိက္ခာကို ထောက်ကာ မေမေပဲခေါ်လိုက်သည်။ အကုန်လုံးကိုလဲ မအမေလို့သာ မိတ်ဆက်ပေးလိုက်သည်။
အန်တီ့မြတ်ကတော့ မထင်ထား၍လားမသိ။ သူထိုသို့ ခေါ်လိုက်တော့ အံ့ဩသွားပုံပင်။

ရောင်မင်းခန့်ကတော့ ကလေးကို မြင်သည်နှင့် သူ့လက်တွင် ပွေ့ထားတော့သည်။ လက်ကပင် မချတော့။

"မင်းတို့အိမ်မှာ ကလေးရှိတာ ဘာလို့ ကြိုမပြောတာလဲ ဒီလိုမှန်းသိရင် ငါ ကလေးအတွက် အရုပ်တွေ ယူလာပါတယ် ကလေးနာမည်က ဘယ်လိုခေါ်လဲ"

"နန်းယဲ့ခမ်း လေ"

"မင်းနာမည်မှာက စိုင်း မင်းညီမက နန်းဆိုတော့ မင်းတို့က ရှမ်း‌တွေလား"

"ငါ့ဖေဖေနာမည်ဆို စိုင်းယံဆိုင်းလေ ငါ့ဖေဖေက ရှမ်းအင်း မေမေကတော့.. ဗမာတွေပါပဲ"

ရောင်မင်းခန့်ကသာ ကလေးကို အာရုံရောက်နေပြီး စိုင်း၏ စကားကို သိပ်အာရုံစိုက်မနေသည့်အတွက် မသိလိုက်သော်လည်း မိုးဦးကြွေနှင့် လှိုင်းခတ်သံကတော့ သိသွားသည်။

သူတို့ စာအကြောင်းပြောလိုက် ထွေရာလေးပါးပြောလိုက်နှင့် ကလေးကိုလည်း တစ်ယောက်တစ်လှည့်စီ ပတ်ထိန်းနေကြသည်။ ကလေးသည် မိုးဦးကြွေပေါ်တွင်ဆို လုံးဝမနေပေ။ လှိုင်းခတ်သံကိုတော့ ကြောင်လို့လားမသိ တောင့်တောင့်လေး ဖြစ်သွားလေသည်။
နောက်တော့ အန်တီမြတ်က ကလေးကို အိပ်ဖို့ဆိုကာ ပြန်ခေါ်သွားတော့သည်။ သူတို့လည်း စကားပြောရင်း ပြောရင်းဖြင့် ကျောင်းကို ဘယ်လိုလာလဲဆိုသည့်အကြောက်း ရောက်သွားသည်။ ပြောရင်း ပြောရင်းနှင့် သူတို့အုပ်စုလိုက်သွားရန် စီစဉ်လိုက်ကြသည်။ နေ့ခင်းနှစ်နာရီလောက်လဲကျရော မိုးဦးကြွေနှင့် ရောင်မင်းခန့်က ပြန်သွားသည်။ ခဏနေတော့ လှိုင်းခတ်သံကလည်း ပြန်သွားသည်။ သူလည်း မိုးဦးကြွေပေးသည့်စာများကို ပြန်ကျက်နေလိုက်သည်။ နောက်တစ်ပတ် ဗုဒ္ဓဟူးဆိုရင် စာမေးပွဲဖြစ်သည့်အတွက် သုံးရက်အတွင်း အရကျက်ရပေမည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now