Episode 12 [Unicode/Zawgyi]

752 37 1
                                    

Unicode

"ဟေ့‌ကောင်တွေ ငါသွားပြီနော်"

မိုးရေထဲတွင် အော်ပြောနေသည့် ရောင်မင်းခန့်အပြင် မိုးကာအရှည်ကြီးကို ဝတ်ထားသော မိုးဦးကြွေကလည်း အော်ပြောလာသည်။

"ဟဲ့ သင်္ချာတွေတွက်လာဖို့ မမေ့ကြ‌နဲ့ဦးနော်"

ရောင်မင်းခန့်နှင့် မိုးဦးကြွေက သူတို့ကို ခပ်မြန်မြန် နှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြတော့သည်။ စိုင်းလည်း သူတို့ကို ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ခြင်းတောင်းသူဆွဲကာ လှိုင်းခတ်သံကို မကြည့်ဘဲ ရှေ့မှ အရင် သွားလိုက်သည်။ ‌ရေဘူးထဲရှိ ရေများက မကုန်သည့်အတွက် ခြင်းတောင်းကလေးနေသည်။ ထို့အပြင် မိုးရွာနေသည့်အတွက် ထီးကိုလည်း ဆောင်းထားရသည်ဖြစ်ရာ မသက်သာလှ။ သူတွေးမိသည်က 'နောက်ဆို မိုးကာသာ ယူလာတော့မည်' ဟူ၍ပင်။ ပုံမှန်ဆို အသွားကော အပြန်ကော သူ့ခြင်းတောင်းကို လှိုင်းခတ်သံကသာ သယ်သည်။ လေးသည် ပေါ့သည်လည်း မပြောပေ။
ယခုတွင်တော့ သူ လှိုင်းခတ်သံကို စိတ်ဆိုးနေသည့်အတွက် သူ ခြင်းတောင်းကို အလေးခံကာ သယ်သည်။ ကျောင်းဆင်းတုန်းကတော့ လှိုင်းခတ်သံက သူ့ခြင်းတောင်းကို သယ်ပေးဖို့ လုပ်သော်လည်း သူက ငြင်းလိုက်ခြင်းဖြစ်သည်။ အမှန်တွင်တော့ သူ လုံးဝ မသယ်ချင်ပါ။ သူ စိတ်ဆိုးမိတာကိုပင် နောင်တရချင်သလို ဖြစ်သွားသည်။

သူတွေးနေရင်း ရုတ်တရက်ပင် ခြင်းတောင်းသယ်ထားသည့် သူ့လက်တစ်ခုလုံး ပေါ့သွားသည်။

"ငါ သယ်လိုက်မယ်"

လှိုင်းခတ်သံက စိုင်းလက်ထဲမှ ခြင်းတောင်းကို ဆွဲယူလိုက်ပြီး သူ၏ ရိုးရှင်းသည့် စတီးချိုင့်လေးကို စိုင်းခြင်းတောင်းထဲ ထည့်လိုက်ပြီး သူ့ကို ကြည့်လာကာ ငြင်သာစွာပြောသည်။

"စိတ်မဆိုးပါနဲ့တော့ ငါက ဒီတိုင်းပြောမိသွားတာပါ"
မိုးရေထဲမှ လှိုင်းခတ်သံ၏ အသံက တိုးလျသော်လည်း စိုင်း ကောင်းစွာ ကြားနိုင်ပေသည်။ စိုင်း မျက်နှာကို မဲ့လိုက်ပြီး ပြန်ချေပလိုက်သည်။

"ဒီတိုင်းပြောမိတာ မဟုတ်ပါဘူး ကျွန်တော့်ကို သေချာကြည့်ပြီးကို 'မင်းက သိပ်စကားများတာပဲ'ဆိုပြီး ပြောသွားတာလေ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now