Episode 28 [Unicode/Zawgyi]

587 41 0
                                    

Unicode

"နင် နောက်လတော့ သေချာကြိုးစားမှ ရမှာနော်"

စိုင်းမှာ သူ့ရှေ့ရှိ မိုးဦးကြွေကို စိတ်ပူစွာ ပြောလိုက်မိသည်။ မိုးဦးကြွေမှာတော့ အပြုံးမပျက်ပေ။

"ဟုတ်ပါပြီ"

မိုးဦးကြွေမှာ ပြောပြောဆိုဆိုနှင့် စပ်ပြဲနေသည့် သင်္ဘောသီးသုပ်တစ်လုပ်ထပ်စားလိုက်သည်။
စိုင်းမှာတော့ အလေးအနက်မရှိသည့် မိုးဦးကြွေကို ကြည့်ကာ ခေါင်းခါမိလိုက်တော့သည်။

"လှိုင်းခတ်သံ နင် စားဦးမှာလား"

လှိုင်းခတ်သံက မငြင်းပေ။ သို့သော်လည်း ကိုယ်တော်ချောက တူအသစ်နှင့်စားသည်။
မိုးဦးကြွေကို ရွံလို့တဲ့။ မိုးဦးကြွေမှာ ကျွေးလည်းကျွေးရသေးသည်၊ ရွံတယ်လည်း အပြောခံရတာကြောင့် လှိုင်းခတ်သံကို ရိုက်သတ်ချင်လာသည်။

သူတို့အားလုံးက ဗရုတ်သုက္ခ‌ဖြစ်နေသော်လည်း ရောင်းမင်းခန့်က ခပ်ငူငူ‌နှင့် ငိုင်နေတာကြောင့် လှိုင်းခတ်သံက မနေနိုင်ပဲ မေးလိုက်တော့သည်။

"ဟေ့ကောင် မင်း ဘာဖြစ်နေတာလဲ"

ရောင်မင်းခန့်မှာတော့ ထိုသို့မေးလိုက်မှပင် မျက်ရည်များကျလာတော့သည်။

"ဟဲ့ ရောင်မင်းခန့် နင်.."
မိုးဦးကြွေစကားပင် မဆုံးသေး။

"မက ငါ့ကို.. ပြတ်.. ပြတ်ရအောင်တဲ့"

ကျန်သုံးယောက်မှာ ထိုစကားကြောင့် ငြိမ်ကျသွားသည်။

"မက ပြောတယ် ငါ.. ငါက မရင့်ကျက်ဘူးတဲ့"

ထိုစကားကိုတော့ ကျန်သုံးယောက်မှာ လက်မခံနိုင်ပါ။ ထိုမိန်းကလေးအတွက် ရောင်မင်းခန့် ဘယ်လောက်ပြောင်းလဲခဲ့ရလဲဆိုတာ သူတို့ အသိဆုံးပင်။ အရင်ကဆို တစ်ယောက်ယောက်ကများ အကြည့်လေးနဲ့ ကြည့်လိုက်ရင်တောင် ရန်ပွဲဖြစ်တတ်သည့်ကောင်က ယခုတွင် တစ်ယောက်ယောက်က ပုခုံးဝင်တိုက်သွားရင်တောင် အပြုံးမပျက်‌‌တော့သည်အထိ သည်းခံပေးခဲ့ခြင်းပင်။

ထိုကဲ့သို့သူမျိုးကို မရင့်ကျက်ဘူးလို့တော့ မပြောသင့်ပေ။ ထိုအရာက တမင်သက်သက် ပြဿနာရှာနေခြင်းပင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now