Episode 29 [Unicode/Zawgyi]

529 36 3
                                    

Unicode

"မီးမီးက ကိုကို့ကို လွမ်းနေတယ်ပေါ့"

"အင်း မီးမီးက လွမ်းနေတာ"

"အား ချစ်စရာကောင်းလိုက်တာကွာ.. အန်တီမြတ်ရေ ကျွန်တော်ခေါ်သွားလိုက်တော့မယ်"

"ခေါ်သွားပါတော် လိုက်ချင်ရင် ခေါ်သွား"
အန်တီမြတ်က မီးဖိုချောင်ထဲကနေ ပြောလာလေသည်။

"မီးမီး လိုက်မှာနော်"

ကလေး၏စကားကြောင့် ရောင်မင်းခန့်မှ သဘောတကျရယ်တော့သည်။ ကျန်သုံးယောက်မှာတော့ ကလေးရူးလွန်းသည့် ရောင်မင်းခန့်ကိုကြည့်ကာ ဘာမှပင်မပြောနိုင်တော့။
အစ်ကိုအရင်းထက်တောင် ရောင်မင်းခန့်က ပိုသည်းနေသေးသည်။

စိုင်းကတော့ သိုးမွှေးထိုးလက်စကို ဆက်ထိုးနေလိုက်သည်။ လှိုင်းခတ်သံကတော့ မိုးလင်းကတည်းက စာရင်းစာအုပ်တစ်အုပ်ကိုင်ကာ အိမ်ရောက်လာပြီး စာရင်းထိုင်တွက်နေသည်။
မိုးဦးကြွေကတော့ စိုင်းထိုးနေသည့် သိုးမွှေးများကို လိုက်လံသင်ယူနေသော်လည်း ဘယ်လိုသင်သင် မရပေ။ သူမ ထိုးလိုက်တိုင်း ချည်ပေါက်က လွဲလွဲသွားသည်။ ကြာလာတော့ သူမလည်း စိတ်ရှုပ်ကာ ဆက်မသင်တော့ဘဲ စိုင်းသိုးမွှေးထိုးသည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။

'စိုင်း ထိုးနေတော့လည်း လွယ်လိုက်တာ'

အန်တီမြတ်ကတော့ မီးဖိုချောင်ထဲကနေ ဗန်းတစ်ဗန်းနှင့် ရောက်လာသည်‌နှင့် ပုံစံကွဲနေသည့်အုပ်စုမှာ စုစည်းသွားတော့သည်။

အန်တီမြတ်က အလယ်တွင် သင်္ဘောသီးသုပ်နှင့် ဘေးပတ်ပတ်လည်တွင် ရုံးပတီသီး၊ ဂေါ်ဖီ၊ သခွားသီတို့ကို အကျအန လှီးထားကာ ပြင်ဆင်ထားလေသည်။
ထိုသည်မှာ လှိုင်းခတ်သံ အချဉ်အစပ်ကို ကြိုက်နှစ်သက်သွားရသည့် အဓိကအကြောင်းအရင်းပင်။ အန်တီမြတ်က တစ်ခါလောက် ထိုသို့သုပ်ကျွေးလိုက်သည်ကို စားပြီးချိန်မှစ၍ လှိုင်းခတ်သံမှာ ကျောင်းတွင်လည်း ခဏခဏဝယ်စားလေတော့သည်။

လှိုင်းခတ်သံနဲ့ အလိုတူအလိုပါက မိုးဦးကြွေနဲ့ ရောင်မင်းခန့်။ ထိုနှစ်ကောင်လုံးကလည်း အစပ်ကို မီးတောက်အောင်စားကြသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now