Episode 50[Unicode/Zawgyi]

530 24 0
                                    

Unicode

"ခင်ဗျား မှန်မှန်ပြောတာ ကောင်းလိမ့်မယ်နော်"

ဒေါ်ရွှေရည်မှာ သူမရှေ့ရှိ ကောင်လေးအား ကြည့်ကာ ကြောက်ရွံ့မှုတို့က တိုးဝင်လာသည်။
ထိုအချိန်မှာပင် သူတို့၏ အိမ်တော်ထိန်းဖြစ်သူက ဝင်ပြောလာသည်။

"ကျွန်မ အားလုံးကို သိပါတယ်.. ကျွန်မ ပြောပါ့မယ်"

အတိတ်ဆီသို့

ဒေါ်မိုးမြင့်သူဆိုသည့်အမျိုးသမီးတွင် သားသမီးလေးယောက် ရှိပါသော်ငြား သားကြီးကို အချစ်ဆုံး၊ ပွဲအထုတ်ဆုံးဆိုတာကိုတော့ လူတိုင်း သိကြသည်။ သို့သော်လည်း ထိုကောင်လေးဟာ အသက်ဆယ့်ခြောက်နှစ်အရွယ်မှာပင် ကားတိုက်မှုကြောင့် ဆုံးပါးသွားခဲ့သည်။ ဒေါ်မိုးမြင့်သူမှာ ပဋာမြေလူး အရူးတစ်ပိုင်းဆိုသလိုပင် သတ်သေရလောက်အောင်ကို ခံစားခဲ့ရသည်။

သို့သော်လည်း သူမခင်ပွန်းဖြစ်သူက တားဆီးနေခဲ့တာကြောင့် သတ်သေတိုင်း ကျရှုံးခဲ့ပေသည်။ နောက်ပိုင်းတွင်တော့ သူမခင်ပွန်းဖြစ်သူကလည်း စိတ်ကုန်လာကာ သူမအား အခန်းပိတ်ကြိုးတုတ်ထားတော့သည်။

တစ်နေ့သုံးနပ်မှန်အောင် ကျွေးမွေးတာကလွဲရင် အချိန်တိုင်း ကြိုးတုပ်ခံထားရသည်။ ကြာတော့ အခန်းထဲတွင်ပဲ အမြဲတမ်းအပိတ်ခံထားရကာ အထီးကျန်မှုကြောင့် စိတ်ကျရောဂါ အစပျိုးလာသည်။ နောက်ပိုင်းကျတော့ သွေးရူးသွေးတန်း စိတ်ဖောက်လာသည်များပါ ဖြစ်လာတာကြောင့် အရူးဟု အမည်တပ်လိုက်တော့သည်။ အသိမိတ်ဆွေများက စိတ်ရောဂါဟု ပြောကာ ဆရာဝန်နှင့် တိုင်ပင်ခိုင်းပါသော်လည်း ခေါင်းမာကာ ရှေးရိုးစွဲလှသည့် ခင်ပွန်းဖြစ်သူမှာ အားလုံးကို ငြင်းပယ်ကာ အခန်းထဲတွင်သာ ပိတ်ထားမြဲပင်။

နောက်ပိုင်း ဒေါ်မိုးမြင့်သူ၏ လွတ်လမ်းဖြစ်သည့် သူ့ခင်ပွန်း သေဆုံးပြီးတွင်တော့ သားသမီးများက သူမအား ပိတ်လှောင်ထားခြင်း မရှိတော့ပေ။ ထို့နောက် သမီးအလတ်ဖြစ်သည့် ဒေါ်ရွှေရည်သွယ်က ကျန်သားသမီးများနှင့် ကွဲလွဲစွာ သူမ အမေကို စိတ်ရောဂါဆရာဝန်နဲ့ စနစ်တကျကုသခိုင်းတာကြောင့် ရောဂါက အတော်အတန်သက်သာလာကာ သာမန်လူများလို ပြန်ဖြစ်လာသည်။ သို့သော်လည်း ထိုအရာက ခဏပင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now