Episode 19 [Unicode/Zawgyi]

671 37 0
                                    

Unicode

သူ့ဘေးရှိ မှိုင်တွေကာ လမ်းလျှောက်နေသည့် လှိုင်းခတ်သံကို ကြည့်ကာ လှိုင်းခတ်သံ၏ အပြစ်ရှိစိတ်တို့မှာ တိုင်းဆမရအောင်ပေ။

"ငါ့ကြောင့်ပါ"

သူ့စကားကြောင့် စိုင်းက သူ့ကို ခပ်ကြောင်ကြောင်ကြည့်လာသည်။

"မင်းအမေမေးရင် ငါ အတင်းသောက်ခိုင်းလို့ဆိုပြီး ပြောလို့မရဘူးလား"

"ဘာမှမဖြစ်ပါဘူး အဲ့လောက် စိတ်ပူမနေနဲ့"

"ငါ့ကြောင့် ဖြစ်သွားတာလေ"

"ကိုကြီးနဲ့ ဘာမှမဆိုင်ဘူး ကျွန်တော့်စိတ်နဲ့ကျွန်တော့်ဘာသာ သောက်တာပါ"

"ဒါပေမဲ့ ငါ.."

"တော်ပြီ အဲ့ကိစ္စကို ထားလိုက်တော့"

"အင်းပါ"

ခပ်တိုးတိုးသာဖြေပြီး လှိုင်းခတ်သံမှာ တိတ်ဆိတ်သွားတော့သည်။

လှိုင်းခတ်သံအား ဝမ်းမနည်းစေချင်၍သာ စိုင်းက ထိုသို့ပြောသော်လည်း စိုင်း၏ မျက်နှာမှာ အရင်ကလောက် လန်းဆန်းမနေပေ။

*******************

ကျောင်းသို့ မဖြစ်မနေ၍သာ လာရသော်လည်း လေးယောက်လုံးမှာ ရင်တလှပ်လှပ်ပေ။ အမှန်တကယ်တော့ လှိုင်းခတ်သံအပါဝင် မိုးဦးကြွေနှင့် ရောင်မင်းခန့်အပါ သုံးယောက်လုံးမှာ သူတို့ကိုယ်သူတို့ စိတ်မပူ။ စိုင်းစက္ကဆိုင်းအတွက်သာ စိတ်ပူနေခြင်းပင်။ စိုင်းမှာ ကျောင်းသွားသည့်တစ်လမ်းလုံး မျက်နှာမကောင်းပေ။ မိုးဦးကြွေမှာ သူ့ကြောင့်ဖြစ်သွားရသည့်အတွက် စိတ်မကောင်းပေ။ ရောင်မင်းခန့်မှာလည်း ထိုနည်း၎င်းပင်။

မိုးဦးကြွေမှာ မဖြစ်နိုင်မှန်းသိသော်လည်း  ဆရာ ထိုကိစ္စကိုသာ မေ့သွားဖို့ ဆုတောင်းသည်။ ထိုသို့ စိတ်ပူနေရသည့်ကြားထဲ သူ့ဘေးရှိ တစ်ယောက်မှာ ဘာဖြစ်ချင်မှန်းကို မသိ။

"သူငယ်ချင်းရေ...ငါ နင့် စာအုပ်လေး တစ်ချက်ကြည့်လို့ ရမလားဟင်"

မိုးဦးကြွေလည်း ထိုတစ်ယောက်အား စာအုပ်ကိုပေးလိုက်သည်။ ရိုးရိုးတန်းတန်းတော့မဟုတ်။ ပစ်ပေါက်ကာ ပေးလိုက်ခြင်းပင်။
တစ်တန်းလုံးနီးပါး မိုးဦးကြွေမျက်နှာပျက်ကာ စိတ်အခြေအနေမကောင်းသည်ကို မြင်သည်။ သူမနှင့် မခင်သော်ငြားလည်း သူမကို တစ်ခါတစ်ရံစာမေးလေ့ရှိသော ကျောင်းသူများပင် သူမ စိတ်အခြေအနေမကောင်းတာကြောင့် လာမမေးကြပေ။ ဒီလောက်သိသာနေသည့် အရာကို ဘေးကပ်ရပ်ထိုင်သည့် ထိုတစ်ယောက်က မျက်လုံးကန်းနေခြင်းပဲလား။ အရိပ်အကဲပဲ မသိတာလား။ တမင်သတ်သတ် လာလုပ်တာလားတော့ မသိ။ သူက သိပ်စိတ်မရှည်သည့်အတွက် တည့်တိုးသာ လုပ်ပစ်လိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now