Episode 42

522 34 2
                                    

မိုးဦးကြွေမှာ သူမအဖေနောက်ကနေ ဆရာဝန်အုပ်စုနှင့်အတူ round လှည့်သည်ကို လိုက်ပါကြည့်ရှုပေးနေရသည်။ သူမအဖေက စိုင်း၏ လူနာထိုင်ခုံဧရိယာရှိ လူနာများကို မြင်ပြီးချိန်တွင်တော့ အံ့ဩမှုနှင့် ကျေနပ်မှုတို့က အထင်းသားပေါ်လွင်လာသည်။

မိုးဦးကြွေကတော့ ထိုအရာတွေထက် လူအလယ်တွင် မျက်စိထင်းနေသည့် အမျိုးသားကိုသာ အာရုံစိုက်မိသည်။ သူမ သူမအဖေကို လက်တို့လိုက်ရင်း
"ဖေဖေ.. ဟိုမှာ လှိုင်းခတ်သံလေ ဟိုနေ့ကမှ ပြန်ရောက်တာ"

ဦးမင်းထိုက် အနည်းငယ်ပင် မျက်စိမှားသွားသည်။ ထိုကလေးက ငယ်စဉ်ကတည်း ချောသည်ကို သူ သိပါသည်။ ထိုကလေး၏ အထက်တန်းဆန်သည့် ပြုမူပြောဆိုပုံကိုလည်း သူ အတော်လေး သဘောကျပါသည်။

ထိုကလေးကို ယခုမြင်လိုက်ရချိန်တွင် သူ မမှတ်မိနိုင်စရာပင်။ သူ့သမီးသာ မပြောလျှင် သူ ယုံနိုင်မည်တောင်မဟုတ်ပေ။
လှိုင်းခတ်သံက သူ၏ဂုပ်မထောက်‌တထောက်ဆံပင်ကို အတိုင်းသား ချထားသည်။ ဆေးရုံလာသည်သာ ပြောတယ်။ အထဲက shirt အနက်ကို သားရေ coat အနက် ထပ်ဝတ်ထားကာ ဘောင်းဘီကလည်း အနက်ပင်။ 

လှိုင်းခတ်သံ သူတို့ဘက် ရုတ်တရက် လှည့်အကြည့်နဲ့တိုးတော့ မိုးဦးကြွေမှာ လက်ရမ်းပြလိုက်သည်။ လှိုင်းခတ်သံက သူ့အလှည့်လည်း မရောက်သေးတာကြောင့် မိုးဦးကြွေအဖေကို လာနှုတ်ဆက်ပေသည်။

"မင်္ဂလာပါ ဦးလေး"

"အေးပါ.. သမီးသာမပြောရင် မှတ်တောင် မှတ်မိမှာ မဟုတ်ဘူး.. ကြည့်စမ်း ချောလာလိုက်တာများ"

မိုးဦးကြွေအဖေက အစကတည်းက လှိုင်းခတ်သံနှင့် ဆက်ဆံရေးကောင်းရှိသည်။ ထို့နောက် မိုးဦးကြွေ ဆေးရုံကို ထပ်ချဲ့ချိန်တွင် လိုအပ်သောဆေးပစ္စည်းများကို သယ်ချိန်၌ လှိုင်းခတ်သံက အဆက်အသွယ်အချို့ဖြင့် ကူညီခဲ့တာကြောင့် ကျေးဇူးတင်နေလေသည်။

"ဦးလေးပြောတာ ကျွန်တော်တောင် မနေတတ်တော့ဘူး"

ဦးမင်းထိုက်မှာ သဘောတကျရယ်လိုက်ရင်း အဓိက ကိစ္စကိုသာ မေးမြန်းလိုက်တော့သည်။
"သားက ဦးနှောက်ဌာနမှာ ဘာကိစ္စရှိလို့လဲ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now