Episode 53 [Unicode/Zawgyi]

444 20 0
                                    

Unicode

'ကျွီ'

'ဒုန်း'

ကားတစ်စီးမှာ ဘေးပလက်ဖောင်းရှိ သစ်ပင်နှင့် ဝင်တိုက်မိသွားကာ မကြာခင်ပင် လူများ ဝိုင်းအုံသွားသည်။

ဘုန်းဗညားဟန်မှာ လူအုံနေသည်ကြောင့် ကားကိုရပ်လိုက်ရင်း သူပါ လူအုပ်ထဲဝင်သွားလိုက်သည်။ လူအုပ်ကြီး၏ အကြည့်အောက်မှာပင် စုတ်ပြတ်နေသောကား‌ထဲမှ အမျိုးသားတစ်ဦးက ဒယီးဒယိုင်ထွက်လာကာ လဲကျသွားတော့သည်။

'လှိုင်းခတ်သံ'

ဘုန်းဗညားဟန်မှာ လှိုင်းခတ်သံအနားကို ပြေးသွားလိုက်ရင်း သင်ခဲ့ဖူးသော ရှေးဦးသူနာပြုနည်းတို့ကို အသုံးချလိုက်သည်။

လူအုပ်ထဲမှ အချို့ကလည်း လူနာတင်ယာဉ်ခေါ်ထားပြီးတာကြောင့် လူနာတင်ယာဉ်ရောက်လာသည်အထိ သည်းခံလိုက်ရင် ဖြစ်တယ်။ လှိုင်းခတ်သံ၏ ‌နဖူးမှ သွေးများစီးကျနေကာ လက်မောင်တွင်လည်း ခြစ်ရာ ရှရာတို့က ရှိနေသည်။

မကြာခင်တွင်ပင် ဆေးရုံကားက ရောက်လာကာ ဘုန်းဗညားဟန်မှာလည်း သူ့ကားအား ထားခဲ့သည်ကိုပင် မေ့ကာ လူနာအုပ်ထိန်းသူအဖြစ် ဆေးရုံကားနှင့် လိုက်သွားလိုက်သည်။

ဒဏ်ရာက မပြင်းထန်တာကြောင့် ခွဲခန်းတော့ မဝင်ရ။ ဆေးထည့်ပတ်တီးစီးပေးပြီး သူနာပြုတွေ ထွက်သွားပြီးနောက်တွင်တော့ ဘုန်းဗညားဟန်မှာ မိုးဦးကြွေကို ဖုန်းခေါ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လှိုင်းခတ်သံက သူနဲ့စာရင် မိုးဦးကြွေကို ပိုရင်းနှီးသည်။

********

လှိုင်းခတ်သံ သတိရလာချိန်တွင်တော့ သူ့ဘေးနားရှိ ယောင်ဝါးဝါးစကားသံတို့ကို ကြားလိုက်ရသည်။

သူ မူးနေသည့်ခေါင်းနှင့်အတူ အံ့ကြိတ်ကာ ထလိုက်သည်နှင့် သူ့အားဖေးမဆွဲထူလာသော လက်တစ်ဖက်ကြောင့် အနှီလူအား မော့ကြည့်လိုက်မိသည်။

'ဘုန်းဗညားဟန်'

သူ မျက်မှောင်ကြုတ်လိုက်မရင်း ဘုန်းဗညားဟန် ကိုင်ထားသော လက်ကို ရုန်းလိုက်သည်။
ဘုန်းဗညားဟန်ကလည်း အလိုက်တသိပင် လွှတ်ပေးလာပါသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now