Episode 9 [Unicode/Zawgyi]

795 41 4
                                    

Unicode

စာမေးပွဲက မနက်ဖြန်ဖြေရမှာ ဖြစ်သည့်အတွက် သူတို့ ကျောင်းကိုမသွားတော့ပေ။ ဆရာမများကလည်း မလာတာပိုကောင်းသည်ဟု ပြောထားသည်။ သူတို့ကလည်း ထိုသို့စကားမျိုးဆို တသဝေမတိမ်း လိုက်နာသည်။ ခုံစီဖို့‌ လူရွေးသည့်ထဲတွင်ပါသည့် ရောင်မင်းခန့်ကတော့ ခုံစီရန်သွားရမည်။
လှိုင်းခတ်သံကိုတော့ သူအိမ်လာပြီး စာအတူတူလုပ်ရန် ပြောထားသည်။ သူ ရောက်ရောက်လာခြင်းတုန်းကဆိုရင် အန်တီမြတ်တောင် မမှတ်မိပေ။
လှိုင်းခတ်သံက ဆံပင်ကို ဆိုင်တွင်သေချာပြန်ညှပ်လာသည့်ပုံပင်။ ဆံပင်ကို ဘေးခွဲထားသည်မှာ ကြည့်ရတာအလွန် ယောကျာ်းပီသပေသည်။

သူ ဒီတစ်ခေါက်တော့ လှိုင်းခတ်သံကို ဧည့်ခန်းတွင် မထိုင်ခိုင်းတော့ဘဲ သူ့အခန်းထဲ ခေါ်လာလိုက်သည်။ ပြီးတော့ သူ လှိုင်းခတ်သံအနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကိုကြီးက ကျွန်တော့်အခန်းထဲဝင်ဖူးတဲ့ ပထမဆုံး သူငယ်ချင်းပဲ"

စိုင်း၏ စကားကြောင့် လှိုင်းခတ်သံ ပြုံးလိုက်သည်။ အရင်တုန်းက ဆံပင်ကာနေသောကြောင့် ပြုံးရင်တောင် ပြုံးမှန်း မသိရသော်လည်း ယခုကဲ့သို့ ဆံပင်ညှပ်လိုက်တော့လည်း ပြုံးလိုက်သောကြောင့် ပေါ်လာသည့် ပါးချိုင့်ရေးရေးလေးကိုပင် မြင်ရလေသည်။

"ကိုကြီးမှာ ပါးချိုင့်ပါတာလား"

"ရေးရေးလေးပါ"

"ကျွန်တော်က အဲ့လို ပါးချိုင့်လေး ပါချင်တာ ပါးချိုင့်ပါတဲ့သူက ပြုံးရင် အရမ်းကြည့်ကောင်းတာတဲ့"

"ထပ်ပြုံးပြရမလား"

"အင်း"

လှိုင်းခတ်သံသည် အားရပါးရ ပြုံးပြလိုက်သောကြောင့်လားမသိ။ ပါးချိုင့်အရာက ခပ်ကြီးကြီးပေါ်လာလေသည်။

"အယ် ပါးချိုင့်က နက်တာပဲ ဘယ်က ရေးရေးလေးပါရမှာလဲ"

"သိပ်မပြုံးလို့နဲ့တူတယ်"

"မိန်းကလေးတွေရှေ့ အရမ်းမပြုံးနဲ့နော်"
စိုင်း၏ စကားကြောင့် လှိုင်းခတ်သံ အနည်းငယ် ကြောင်သွားကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now