Episode 32 [Unicode/Zawgyi]

550 38 1
                                    

Unicode

"အစ်ကို လက်မှုဆရာဆီ သွားသေးတာလား"

ရုတ်တရက်ကြီး မေးလာသည့် စိုင်းကြောင့် လှိုင်းခတ်သံ အနည်းငယ် ကြောင်သွားသည်။
"ဟမ်... ဟုတ်တယ်လေ"

"ဪ.."

"မင်း ဘယ်လိုသိတာလဲ"

"လက်မှုက လူတွေပြောနေလို့"

"သူတို့ပဲ အကုန်သိ"

"အင်း.. မိန်းကလေးတွေက အဲ့လိုပါပဲ

"တော်တော် စိတ်ပျက်ဖို့ကောင်းတယ်"

"အစ်ကို ရည်းစားရနေပြီလား"

မဆီမဆိုင်မေးလာသည့် မေးခွန်းကြောင့် လှိုင်းခတ်သံ မျက်မှောင်ကြုတ်မိသွားသည်။

"ငါ အသက်မပြည့်မချင်း ရည်းစားမထားဘူး"

"ဒါပေမဲ့ အစ်ကို့အသက် ပြည့်သွားပြီလေ"

"ငါ မပြည့်..."

လှိုင်းခတ်သံမှာတော့ သူ့စကားနဲ့ သူပြန်မိနေတာကြောင့် အခြားအကြောင်းပြချက်သာပေးလိုက်ရသည်။

"အသက်ပြည့်လည်း မထားပါဘူး ဇယားနောက်လွန်းလို့"

'ဒီလိုမှန်းသိရင် အသက်မလိမ်ခဲ့ပါဘူးကွာ'

လှိုင်းခတ်သံစိတ်ထဲတွင် ဗြောင်းသတ်နေသော်လည်း အပြင်ပန်းတွင်တော့ မျက်မှောင်ကြုတ်ထားဆဲ။

"မဟုတ်ပါဘူး.. မိန်းကလေးတွေက အစ်ကို့ရည်းစား ဘယ်သူလဲဆိုတာ ခန့်မှန်းနေကြလို့လေ.. အစ်ကို ရည်းစားထားတာတောင် ကျွန်တော်မသိရရင်တော့ ကျွန်တော်တကယ် ဝမ်းနည်းမှာ"

"ငါ တကယ်ရည်းစားမထားပါဘူးကွာ.. ထားခဲ့ရင်လည်း အရင်ဆုံးသိမဲ့လူက မင်းပဲ"

စိုင်းက ထိုအခါမှသာ အနည်းငယ်ပြုံးရွင်လာသည်။
"ကျွန်တော် သိသားပဲ"

လှိုင်းခတ်သံကတော့ သက်ပြင်းသာခိုးချနေရတော့သည်။

*********

"ဒယ်ဒီ ဒီတစ်ခေါက် မင်းဆုပေးပွဲကို မတက်နိုင်လောက်တော့ဘူး"

"ရပါတယ် သားက ကိစ္စမရှိပါဘူး"

ဦးခေတ်မင်းသစ်မှာတော့ ပြဿနာက မသေးငယ်တာကြောင့်ကော ရင်းနှီးမြုပ်နှံမည့်သူကလည်း အတော်ကို ကိုယ်တွယ်ရခက်မည့်သူဖြစ်သောကြောင့် ရုံးချုပ်ရှိရာ ဝါရှင်တန်ကို မသွားမဖြစ်သွားရမည်။ မြုပ်နှံမည့်ပမာဏကလည်း အတော်ကို များတာကြောင့် တစ်လနှစ်လနှင့်ပင် ပြီးမည်မထင်။
ဆုပေးပွဲက နောက်နှစ်ပတ်ဆို ရောက်ပြီဖြစ်သည်။ ဘယ်လိုမှ မှီဖို့မဖြစ်နိုင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now