Episode 31 [Unicode/Zawgyi]

524 38 3
                                    

Unicode

"မိုးဦးကြွေစာအုပ်ကို ခိုးသွားတာတဲ့"

"ဟုတ်ပါ့မလား"

"ဟုတ်ပါတယ်ဆို အတန်းခေါင်းဆောင်ကိုယ်တိုင်ပြောတာ"

"သွန်းသီရိ‌လား"

"ဟုတ်ပါတယ်ဆို"

မိန်းကလေးအုပ်စု၏ တိုးတိုးပြောနေသံများကို ကြယ်စင်မှာ အတိုင်းသားကြားနေရသည်။ မိုးဦးကြွေရဲ့ မှတ်စုလေးတွေက လိုရင်းတိုရှင်းနဲ့ နားလည်လွယ်လို့ သူမက ခဏကူးရုံပါ။ မိုးဦးကြွေကို ငှားရင်လည်း ပေးငှားမှာမဟုတ်တာကြောင့် သူမက ဒီတိုင်း.....

ဒီလောက်ပြဿနာကြီးသွားမယ်လို့ သူမ မထင်ခဲ့ပေ။ သူမ သူငယ်ချင်းတွေကလည်း သူမကို အထင်သေးကာ မပေါင်းချင်တော့သလို ကြည့်နေတာမျိုးကိုလည်း သူမ ခံစားမိသည်။ သူမက တကယ်ကို မရည်ရွယ်ခဲ့တာပါ..

*********

"စာတွေကလည်း ခက်လိုက်တာ"

အိပ်ရာပေါ်တွင် လူးလိမ့်ရင်း ငြီးငြူနေသည့် စိုင်းကြောင့် လှိုင်းခတ်သံမှာ စာအုပ်များကို သေချာပြန်စီပေးရတော့သည်။ စိုင်းမှာလည်း အကျင့်ပါသွားကာ သူ့ဟာသူဆို စာအုပ်ပင်မစီတော့။

"ကျွန်တော် ဆယ်တန်းတောင် အောင်ပါ့မလား"

"ဘာတွေလျှောက်ပြောနေတာလဲ နမိတ်မရှိ နမာမရှိ"
လှိုင်းခတ်သံက အနည်းငယ် ဟောက်လိုက်တော့မှသာ စိုင်းက ငြိမ်ကျသွားသည်။
စိတ်ကောင်းဝင်နေ၍လားတော့ မသိ စိတ်ဆိုးနေသည့်ဟန်တော့မရှိ။

လှိုင်းခတ်သံမှာ အနည်းငယ်လေသံလျှော့လိုက်ရင်း
"စကားတွေမှာ စွမ်းအား ရှိတယ်လေ အဲ့လိုမျိုး နမိတ်မရှိတာတွေ မပြောပါနဲ့ကွာ"

"ကျွန်တော် သိပါတယ်"

လှိုင်းခတ်သံမှာ ထိုစကားကြားမှသာ သက်ပြင်းခိုးချလိုက်ရသည်။
စိတ်မဆိုးသွားတာ တော်ပါသေးရဲ့..
လှိုင်းခတ်သံမှာ စာအုပ်ပုံကို စီပြီးသည်နှင့် အိပ်ရာပေါ်တွင် သွားထိုက်လိုက်သည်။

"ဘယ်ဟာကို မရလို့လဲ"

စိုင်းကတော့ ကုန်းရုန်းထလာကာ စာအုပ်ကို သူ့ရှေ့ထိုးပေးလာသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now