Episode 51 [Unicode/Zawgyi]

544 23 1
                                    

Unicode

"သား အမေ ခရီးသွားဦးမှာမို့လို့ အဘွားနဲ့ နေခဲ့နော်"

"ဟုတ်"

ငါးနှစ်အရွယ်ကလေးလေးမှာ သူ့အဘွား၏ လက်ကိုတွဲရင်း ကျောခိုင်းထွက်သွားပေါ်သော မိခင်ဖြစ်သူကို ငေးနေသည်။

"ဆက်မကြည့်နဲ့တော့ ရှိုင်းအံ့"

သူ့အား'ရှိုင်းအံ့' ဟု ခေါ်လာပါသော အဘွားဖြစ်သူကြောင့် သူ့နာမည်က 'စိုင်းစက္ကဆိုင်း' ဖြစ်ကြောင်း ပြောချင်ပါသော်လည်း ဟိုတစ်နေ့က အရိုက်ခံထားရသည့်ကိစ္စကို မမေ့သေးပါချေ။

သူ တိတ်တိတ်ကလေးသာ နေလိုက်ရင်း အဘွားစကားဆက်ပြောလာမည်ကို စောင့်နေလိုက်သည်။
သို့သော်လည်း အချိန်အတော်ကြာတဲ့အထိ အဘွားက ဘာမှ ပြောမလာပေ။

"ဖွားဖွား"

"ရှိုင်းအံ့"
လေသံမာမာ အော်လာသည့် အဘွားဖြစ်သူကြောင့် စိုင်းမှာ မျက်ရည်တို့ ကျဆင်းလာရသည်။

"မေမေ"

"တော်တယ်.. သား ဘာပြောမလို့လဲ"

"သား... အရုပ်ဝယ်ချင်လို့"

"ဪ ဒါများ သားရယ်.. မေမေကိုယ်တိုင် လိုက်ဝယ်ပေးမယ်"

သူ့အဘွားဖြစ်သူက သူ့အားဆူငေါက်ထား‌ပါသော်လည်း အရုပ်ဆိုင်ရောက်ချိန်တွင် သူ လိုချင်သည်များကို မငြီးမငြူဝယ်ပေးတာကြောင့် ဆူငေါက်ထားခြင်းတို့ကို အလွယ်တကူပင် မေ့ပျောက်သွားတော့သည်။

"လူနာ အဆင်ပြေရင် နောက်တစ်နေရာကို ဆက်သွားပါမယ်"

သူ့ဦးနှောက်ထဲတွင် ပဲ့တင်လာသည် အသံနှင့်အတူ မြင်ကွင်းတို့က ပြောင်းလဲသွားသည်။

ထိုနေရာတွင် အသက်ဆယ်နှစ်အရွယ်လောက်ရှိမည့် ကောင်လေးတစ်ယောက်ရှိသည်။ ကောင်လေး၏ ကျောင်းဝတ်စုံအဖြူအစိမ်းတွင် ဖုန်မှုန့်များ ပေကျံနေကာ မျက်နှာထက်တွင်လည်း ဒဏ်ရာဒဏ်ချက်များ ရှိနေသည်။

ကောင်လေး၏ ရှေ့ရှိ ကျောင်းသားမိဘမှာ ကောင်လေးအား လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ပြောဆိုနေသည်။

"မင်း ငါ့သားကို ပြန်တောင်းပန်မလား.. ထောင်ထဲဝင်မလား"

ကောင်လေးက လက်ပိုက်ကာ ခေါင်းကိုငုံ့ရင်း ဘာမှပြန်မပြောပါချေ။ ဆရာမမှာလည်း တားရမလို၊ မတားရမလိုနဲ့ ဗျာများနေတော့သည်။
ထိုအချိန်တွင် ကျောင်းခန်းထဲကို သက်ကြီးပိုင်းအရွယ် အမျိုးသမီးက အခန်းထဲကို ဝင်လာကာ

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now