Episode 24 [Unicode/Zawgyi]

573 35 2
                                    

Unicode

လှိုင်းခတ်သံ လမ်းပေါ်တွင် လျှောက်သွားရင်း သူ့အိမ်ကိုပင် ပြန်ရောက်လာသည်။
အဖေဖြစ်သူနဲ့ စကားများလို့ အိမ်ကထွက်ပြေးရတဲ့အထိတော့ သူ မရူးပေ။

အိမ်တစ်ခုလုံး လင်းထိန်နေ‌သည်ကို ကြည့်ရသည်မှာ ဒယ်ဒီက သူ့ကို စောင့်နေသေးဟန်ပင်။
သူ ခြံတံခါးရှေ့ရောက်သည်နှင့် ခြံစောင့်က ပျာပျာသလဲ တံခါးဖွင့်လာသည်။

"သခင်ကြီး စောင့်နေပါတယ်"

လှိုင်းခတ်သံ ခြံစောင့်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှဆက်မပြောဘဲ အိမ်ထဲသာဝင်ခဲ့လိုက်သည်။
သူ့ဒယ်ဒီဖြစ်သူမှာတော့ သူ့ကိုမြင်သည်နှင့် ချက်ချင်းထလာသည်။ ကတောက်ကဆဖြစ်ထားသည်များကလည်း ရှိတာကြောင့် သူ့ဒယ်ဒီကိုယ်တိုင် လာမစစ်ဆေးဘဲ ဘေးရှိ သက်ကြီးပိုင်းလူကြီးကိုသာ ခပ်မြန်မြန် ပြောလိုက်သည်။

"ဒေါက်တာ သူ့ကို တစ်ချက်လောက် ကြည့်ပေးပါဦး"

ဆရာဝန်ကလည်း မတ်တပ်ရပ်နေသည့် လှိုင်းခတ်သံဆီကို သွားကာ စစ်ဆေးကြည့်ဖို့ပြင်သော်လည်း

"မလိုဘူး စောနက ဒယ်ဒီ့ကို လိမ်ပြောလိုက်တာ ကျွန်တော် ဘာမှမဖြစ်ဘူး"

ပြောပြီး ချက်ချင်းအပေါ်ထပ်ကို တက်သွားသည့် လှိုင်းခတ်သံကိုကြည့်ရင်း ဦးခေတ်မင်းသစ်မှာတော့ မောပန်းစွာ ထိုင်ချမိလိုက်တော့သည်။

ဆရာဝန်အပါ ဘေးနားရှိ bodyguard၊ အိမ်စေအပေါင်းမှာလည်း တိတ်တဆိတ်သာ မတ်တပ်ရပ်နေလိုက်ကြတော့သည်။
ခခကြယ်မှာလည်း သူ့ကြီးကြီးနဲ့အတူ မတ်တပ်ရပ်ရင်း တိတ်ဆိတ်စွာသာ နေရသည်။
သူ့ကြီးကြီးက သူ့ကို သခင်လေးနှင့် ရင်းနှီးအောင်နေခိုင်းသော်လည်း သခင်လေးဆိုသူက သူ့ကိုမြင်ရင်တောင် စိတ်မရှည်သည့်ပုံပေါက်နေတာကြောင့် စကားပင် သွားမပြောရဲပေ။ ဒေါသကလည်း ကြီးသည်။ 

မကြာပါ အပေါ်ထပ်မှ ဝုန်းဒိုင်းကြဲသံများကို ခခကြယ် ကြားလိုက်ရသည်။
bodyguard တစ်ယောက်ကပင် မနေနိုင်စွာ မေးလာသည်။
"သခင်ကြီး ကျွန်တော်တို့ တားလိုက်ရမလား"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now