Episode 45

479 25 1
                                    

စိုင်းမှာ မီးဖိုချောင်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် ကျောပြင်တစ်ခုကြောင့် ကြောင်သွားသည်။

သူ ပြန်စဉ်းစားလိုက်ပြီးမှ စိတ်သက်သာရာရသွားသည်။
လှိုင်းခတ်သံ မနေ့က အိမ်မှာ အိပ်တာပဲ။

လှိုင်းခတ်သံမှာ အနောက်ဘက်ကို လှည့်လာရင်း စိုင်းကိုမြင်တော့ ပြုံးပြလာသည်။
"ကိုယ် မနက်စာ လုပ်ထားတယ်"

စိုင်းမှာ စားပွဲခုံပေါ်သွားကြည့်လိုက်တော့ အသည်းပုံ ပုံစံကြက်ဥလေး အုပ်ထားသည့် ထမင်းကြော်ပန်းကန်ကို မြင်လိုက်ရသည်။ ဘေးနားတွင်လည် အရွက်လေးများကို အလှဆင်ထားတာကြောင့် သူ သဘောကျသွားသည်။

"မင်း ကြက်ဥကို ဒီလိုပုံစံဖြစ်အောင် ဘယ်လိုများ ကြော်လဲ.. ချစ်စရာလေး"

"ပုံစံခွက်တွေက အလကားထားထားတာမှ မဟုတ်တာ"
လှိုင်းခတ်သံက အသည်းပုံသံကွင်းလေးကို မြှောက်ပြကာ ပြောလာသည်။

"ငါက အဲ့အကွင်းကို ကိတ်မုန့်ပုံ‌ဖော်နေရာမှာ သုံးတယ်မှတ်နေတာ"

"အဲ့လိုလည်း သုံးလို့ရပါတယ်"

စိုင်းမှာ လှိုင်းခတ်သံကို ဘာမှဆက်မပြောတော့ဘဲ စားပွဲတွင် ဝင်ထိုင်ရင်း ထမင်းကြော်ကို မြည်းကြည့်လိုက်သည်။

အရသာက အတော်လေးကောင်းသည်မို့ သူ ခပ်မြန်မြန်ပင် တစ်ပန်းကန်လုံးကုန်သွားသည်။

"ထမင်းကြော်ရှိသေးလား"

"မစားနဲ့တော့ ရင်‌ပြည့်မယ်"

"ငါက ဆရာဝန်ပါ"

"သိပါတယ်ဗျာ.. အဲ့တာကြောင့်မို့ ပိုပြီး ဂရုစိုက်ခိုင်းနေတာ"

"ငါမှ ဗိုက်မဝသေးတာ"

လှိုင်းခတ်သံက ရေခဲသေတ္တာထဲက ဗူးတစ်ခုထုတ်လာကာ သူ့ရှေ့ကို ချပေးလာသည်။

"ဘာလဲ"

လှိုင်းခတ်သံက ဘာမှမပြောတာကြောင့် သူ့ဟာသူပဲ ဖွင့်ကြည့်လိုက်သည်။
ဘူးထဲက Sandwich ဖြစ်ပြီး အသည်းပုံ ပုံ‌စံလေးဖြစ်သည်။ လက်ရာက သိပ်မသေသပ်သော်လည်း အရသာရှိမည့်ဟန်ပင်။

"ကြည့်မနေနဲ့လေ.. ဗိုက်ဆာတယ်ဆို"

"ဪ အင်း"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now