Episode 6 [Unicode/Zawgyi]

961 45 0
                                    

Unicode

"ယောကျာ်းလေး နောက်ဆုံးတန်းကနေ အရင်စဆိုမယ် ရှေ့ထွက်ခဲ့"

အတန်းထဲ စဝင်သည်နှင့် စာအရင်ဆိုခိုင်းသည့် သိပ္ပံဆရာမကြောင့် စိုင်း အိပ်ချင်နေသည်ပင် ပျောက်သွားသည်။ လှိုင်းခတ်သံကတော့ ချက်ချင်းထပြီး အတန်းရှေ့ကို လျှောက်သွားသည်။ သူလည်း နောက်ကလိုက်သွားလိုက်သည်။ သူတို့ ကျောက်သင်ပုန်းရှေ့တွင် မတ်တပ်ရပ်ပြီးသည်နှင့် ဆရာမက ချက်ချင်းပြောလာသည်။

"အပင်များ၏ အစာဖွဲ့စည်းပုံကို ဆိုမယ် မရရင် အခုကတည်းက ကြိုပြော ဆိုရင် ညီအောင်ဆို မညီရင် ပြန်ဆို"

"အပင်များ၏ အစာဖွဲ့စည်းပုံ အပင်၏ အစိမ်းရောင် အရွက်များတွင် ကလိုရိုဖီးလ် ပါရှိသည် ကလိုရိုဖီးလ်မှတစ်ဆင့် နေရောင်ခြည်မှ အလင်းစွမ်းအင်ကို စုပ်ယူပြီး..................."

သူတို့နှစ်‌ယောက်လုံး ခပ်ဖြေးဖြေးပင် ညီညီညာညာဆိုသွား၍လားမသိ။ ဆရာမက ပြုံးကာ ချီးကျုးလေသည်။
"တော်တယ် သွားလို့ရပြီ"

"နောက်တစ်တန်းရောင်မင်းခန့်တို့အတန်းလာမယ် "

သူ့နာမည် ကြားသည်နှင့် ရောင်မင်းခန့်က ချက်ချင်းထကာ ပုဆိုးဝတ်လေသည်။ ဝတ်ပြီးမှ အရှေ့သို့ ထွက်လာလေသည်။ သူ့နောက်က ကောင်တွေကလည်း ထိုနည်းလည်းကောင်းပင်။

"နင်တို့တွေလည်းနော် ဘယ်လောက်ပြောပြော လူလိုနားမလည်ဘူး ဆရာမစာဆိုခိုင်းရင် ပုဆိုးထဝတ်ပြီ နင်တို့ဟာတွေ တော်တော်ပြချင်နေလား အဲ့လောက်ပြချင်ရင် နောက်တစ်ခါ အတန်းရှေ့မှာ ချွတ်ထားခိုင်းဦးမယ်"

ဆရာမက ပြောတာ မောသွား၍နှင့်တူသည်။ ရေဘူးကို မော့သောက်ပြီးမှ ဆက်ပြောသည်။

"လူခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်ပုံ ကို ဆိုမယ် ညီအောင်ဆို စောနကနှစ်ယောက် ဆိုသွားတာ ကြားတယ်နော် သေချာဆို မရရင်ကြိုပြော"

ဆရာမက ထိုသို့ ပြောလိုက်တော့ ရပ်နေသော သုံးယောက်မှ တစ်ယောက်က ပြောလာသည်။
"သား မရသေးဘူး ဆရာမ"

"သွား ကော်ရစ်ဒါမှာ လက်မြှောက်နေ ငါလာကြည့်လို့ လက်ချနေတာတွေ့ရင် သေဖို့ပြင်... နင်တို့က ဆိုတော့လေ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now