Extra [Unicode/Zawgyi]

950 23 3
                                    

Unicode

"ဟေ့ကောင် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်တော့ စင်ပေါ်တက်ကွာ.. မိုးဦးကြွေတောင် ဆိုပြီးသွားပြီ"

ယနေ့သည် ရောင်မင်းခန်းနှင့် ဝသုန်မိုးဝေတို့၏ လက်ထပ်ပွဲ..

ဆယ်ငါးနှစ်ကျော်ကြာအောင် တွဲလာကြကာ နှစ်ဖက်မိဘများကလည်း သဘောတူလေသည်။ ရောင်မင်းခန့်မှာလည်း ပြုံးရွှင်နေကာ သူ့အပေါင်းအသင်းများအားလုံးကို ဂုဏ်ပြုသီချင်းဆိုခိုင်းနေလေသည်။

ညဘက်ကျင်းပသည့် Dinner ပွဲဖြစ်တာကြောင့် အများစုက လူငယ်များသာ။ အထူးသဖြင့် ကျောင်းတုန်းက လူတွေဖြစ်သည်။ ကျောင်းသားဟောင်းအသင်းဝင်တစ်ယောက်ဖြစ်သည့် ရောင်မင်းခန့်အနေဖြင့် သူငယ်ချင်းဟောင်းများနှင့် အဆက်အသွယ် မပြတ်ပါချေ။

လှိုင်းခတ်သံမှာ ရောင်မင်းခန့်၏ တိုက်တွန်းနေမှုကြောင့် သူ ထရန်ပြင်စဉ်မှာပင် စိုင်းကတားလာသည်။

"ငါ သွားလိုက်မယ်"

"အဆင်ပြေလို့လား"

"ပြေပါတယ် ဘာသီချင်းဆိုရမလဲတော့ မစဉ်းစားရသေးဘူး"

ထိုစကားကြောင့် ရောင်မင်းခန့်က ကြားဖြတ်ဝင်ပြောလာသည်။
"ကမ္ဘာ့အပြင်ဘက် ဆိုလိုက်လေ မောင်သွားရာ.."

စိုင်းမှာ မင်္ဂလာသတို့သားအား စိတ်ကုန်စွာ ကြည့်လိုက်မိသည်။

"စိုင်းချစ်တဲ့ လှိုင်းခတ်သံကိုဆို"
လှိုင်းခတ်သံက သူ့ကို ပြောလာသည့် သီချင်းခေါင်းစဉ်ကြောင့် သူ အနည်းငယ် ကြောင်သွားသညိ။
"ဟမ်"

"စိုင်းချစ်တဲ့ ရတနာရဲ့ ဗားရှင်းအသစ်လား"
မိုးဦးကြွေက တက်ကြွစွာ ဝင်ပြောလာသည်။

ထိုစကားကြောင့် စိုင်းမှာ လှိုင်းခတ်သံကို ကြည့်လိုက်မိတော့ လှိုင်းခတ်သံ၏ မျက်လုံးများက တောက်ပနေသည်။ သူ ရယ်လိုက်ရင်း

"ဟုတ်ပါပြီ.. စိုင်းချစ်တဲ့ လှိုင်းခတ်သံကို ဆိုလိုက်ပါ့မယ်"

စိုင်းမှာ စင်ပေါ်ရှိ ကောင်မလေးဆိုပြီးတာကို စောင့်ပြီးမှ တက်သွားလိုက်သည်။
ထို့နောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now