Episode 55 [Unicode/Zawgyi]

813 31 3
                                    

Unicode

လှိုင်းခတ်သံမှာ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေရင်း ပြုံးနေသည်မှာ ဘယ်နှကြိမ်မှန်းပင် မသိတော့။

'စိုင်းက သူ့ကို ကောင်လေးတဲ့'

"ကောင်လေးတဲ့ လုပ်ကြပါဦးကွာ"

လှိုင်းခတ်သံမှာ ပြောရင်းဆိုရင်း ထရယ်လိုက်တာကြောင့် ဘေးနားရှိ အတွင်းရေးမှူးနှင့် လက်ထောက်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်သည်။

လှိုင်းခတ်သံမှာတော့ ယနေ့တွင် ဘာလုပ်လုပ် လေတချွန်ချွန်နဲ့ ပျော်မြူးနေတော့သည်။

ထိုဓာတ်ပုံများက ဆိုရှယ်မီဒီယာ၏ တစ်ဝက်ခန့်လောက်ကို နေရာယူထားကာ ‌လူများ ပါးစပ်ဖျား ရေပန်းစားနေတော့သည်။

သို့သော်လည်း ပြစ်တင်မှုများက စိုင်း အပေါ် ပိုပြီး သက်ရောက်လေသည်။ စိုင်းက နာမည်ရဆရာဝန်တစ်ယောက်လည်း ဖြစ်တာကြောင့် အချစ်ရေးကိစ္စတွင် အတော်လေး အဆဲခံနေရလေသည်။

သို့သော်လည်း ဆိုရှယ်မီဒီယာအား ဂရုမစိုက်စွာပင် စိုင်းက ဆေးဝါးအကြောင်းများကို ပုံမှန်အတိုင်းပြန်တင်လေသည်။ အဆဲခံရလွန်းလို့ comment box ကိုတော့ ပိတ်ထားရလေသည်။

လှိုင်းခတ်သံမှာလည်း စိုင်း၏ အဆဲခံနေရမှုများကို မျှဝေယူပေးချင်တာကြောင့် ဖွင့်ထားတာကြာလွန်းနေပြီဖြစ်သော အကောင့်ကို ပြန်ဝင်လိုက်သည်။ စိုင်းအား add လိုက်တော့လည်း ချက်ချင်းလက်ခံလေသည်။ စိုင်း၏ profile ပုံတွင် စိုင်းက ဆရာဝန်ဂျူတီကုတ်နှင့် ဖြစ်သည်။

သူ့ profile ပုံက ဘာမှမတင်ထားတာကြောင့် အလွတ်ကြီးဖြစ်နေလေသည်။ သူ အကြံရသွားရင်း စိုင်း၏ အကောင့်ထဲမှ ပုံအချို့ကို ရှာလိုက်ကာ အဆင်ပြေမည့်ပုံတစ်ပုံ ရွေးထုတ်လိုက်သည်။ ထိုပုံတွင် စိုင်းက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ မတ်တပ်ရပ်နေလေသည်။ ပုံလေးက ရိုးရိုးရှင်းရှင်းလေးဖြစ်ကာ အတော်လည်း ကြည့်ကောင်းပေသည်။

လှိုင်းခတ်သံမှာ ထိုပုံကို profile တွင် ထားလိုက်ပြီး
'၃၂ ဘုံမှာ ငါ့ကောင်လေးလောက် ဘယ်သူမှ ချစ်ဖို့မကောင်းဘူး'
ဆိုသည့်စာသားဖြင့် တင်လိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now