Episode 7 [Unicode/Zawgyi]

902 44 0
                                    

Unicode

ကျောင်းတက်ရက်သည် မြန်ဆန်စွာ ကုန်ဆုံးသွား၍ ပိတ်ရက်စနေကို ရောက်လာပြန်သည်။ သူ ထမင်းစားပွဲဝိုင်းပေါ်တွင် အချိုပွဲအတွက် အသီးစားနေရင်း စာပြန်ကြည့်နေလိုက်သည်။ မိုးဦးကြွေတို့ အိမ်ကိုသွားရန် လှိုင်းခတ်သံကို ကိုးနာရီကျရင် လာခေါ်ဖို့ ပြောထားသည်။

သူ ဖေဖေ့ကို ထိုကိစ္စကိုပြောထားသော် လည်း ငြင်းဆန်ခြင်းမရှိ။ မိန်းကလေးအိမ်မို့  ယောကျာ်းလေးလာတာကို  ကြိုက်ပါ့မလားဟု တစ်ခွန်း‌တည်းသာ မေးလာသည်။ သူက ပြဿနာမရှိကြောင်း ပြန်ပြောလိုက်တော့ ဘာမှ ပြောမလာတော့ဘဲ ချက်ချင်းခွင့်ပြုလေသည်။
အရင်တုန်းက သူငယ်ချင်းတွေနဲ့ ပေါင်းသော်လည်း ယခုကဲ့သို့ အိမ်သွားတဲ့အထိ ဖော်ဖော်ရွေရွေမရှိတာကြောင့် ယခုသွားမည်ဟု ပြောလာသည်ကို နည်းနည်း ထူးဆန်းနေပုံပင်။ သို့သော် ထိုကဲ့သို့ သူငယ်ချင်းအုပ်စုနဲ့ ဖြစ်လာသည်ကလည်း ကောင်းသည့်အချက်ပင် မဟုတ်လား။

"သား သူငယ်ချင်းအိမ်သွားမှာ မဟုတ်ဘူးလား"

ဖေဖေက ပြောပြီး ထမင်းစားဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ မေမေလေးက ကလေးကို ချီထား၍ သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာသည်။

"ကျွန်တော့်ကို လာခေါ်မယ့်သူကို စောင့်နေတာ သူနဲ့မှ သွားမှာ"

"ဪ"
ဖေဖေက ဘာမှ ဆက်မပြောတော့ပေ။

မေမေလေးကတော့ တစ်ခုခုပြောချင်သည့်ပုံ ပေါ်သော်လည်း ဘာမှတော့ ပြောမလာခဲ့ပေ။ နှစ်ယောက်လုံးက ဘာမှမပြောတော့ သူလည်း ဘာမှ မပြောတော့။

"အစ်ကိုလေး အပြင်မှာ အစ်ကိုလေးရဲ့သူငယ်ချင်း ရောက်‌လာပြီရှင့်"

အိမ်အကူရဲ့စကားကြောင့် သူ လက်ထဲမှာကိုင်ထားသည့် စာအုပ်ကိုတောင် ကျောပိုးအိတ်ထဲ မထည့်တော့ဘဲ ဇစ်ဖွင့်ရက်သားပင် မြန်မြန်ထွက်သွားလိုက်သည်။
သူ အပြင်သို့ ရောက်သည်နှင့် ပုံမှန်အတိုင်း ကျောပေး၍စောင့်နေသော လှိုင်းခတ်သံကို တွေ့ရသည်။ လှိုင်းခတ်သံ အပြာရောင်ရေလှိုင်းအတွန့်လေးနျားပါသော အဖြူရောင် T shirt နှင့် အပြာရင့်ရောင် ဂျင်းဘောင်းဘီကို ဝတ်ထားပြီး ‌ကျောပိုးအိတ်ကို တစ်ဖက်တည်းဖြင့် လွယ်ထားလေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now