Episode 26 [Unicode/Zawgyi]

557 39 2
                                    

Unicode

"ဒီတစ်ခေါက်အဆင့်တစ်ကတော့ လှိုင်းခတ်သံ၊ အဆင့်နှစ်က ဘုန်းဗညားဟန်၊ အဆင့်သုံးက မိုးဦးကြွေ၊ အဆင့်လေးက....."

"အစ်ကို နံပါတ်တစ်တဲ့"

လှိုင်းခတ်သံမှာ သူ့အစားပျော်ရွှင်နေတဲ့ စိုင်းကို ကြည့်ကာ

"ငါ ပြောတယ်လေ ဘုန်းဗညားဟန်ရဲ့ အဆင့်တစ်ကို လုပေးပါမယ်လို့... မင်းယုံပြီမလား"

စိုင်းမှာ သူပင် မေ့နေသည့်ကိစ္စကို လှိုင်းခတ်သံက အမှတ်တရရှိနေသေးသည့်အတွက် ဝမ်းသာမှုကို ခံစားလိုက်ရသည်။

နှစ်နှစ်ခန့်ကြာသော်

"အဆင့်တစ် လှိုင်းခတ်သံ၊ အဆင့်နှစ် ဘုန်းဗညားဟန်၊ အဆင့်သုံး သော်တာယွန်းဝေ.........."

လှိုင်းခတ်သံမှာ အဆင့်တစ်ရသော်လည်း ဝမ်းသာပေးမည့်သူ မရှိတာကြောင့် ပျော်ရွင်မှုမရှိပေ။ ဆယ်တန်းရောက်တော့ သူတို့အုပ်စုလေးယောက်လုံး အခန်းမတူကြတော့ပေ။ ဒယ်ဒီ့ကိုပြောပြီး အခန်းတူအောင် လုပ်ပေးမယ်ဆိုတော့လည်း လက်မခံပေ။ စိုင်း ဘာတွေတွေးနေလဲဆိုတာကို သူ နားမလည်နိုင်အောင်ပင်။

အမှတ်စာရင်းနဲ့ပတ်သတ်ပြီး လှိုင်းခတ်သံ ဘာမှမခံစားမိသော်လည်း မိုးဦးကြွေ အဆင့်ကျသွားသည့်အတွက် တွေးတော့တွေးစရာပင်။ သော်တာယွန်းဝေက အဆင့်တက်လာသည်။

လှိုင်းခတ်သံမှာ စာ‌သင်နေသော်လည်း နာရီကိုသာ အာရုံစိုက်နေမိသည်။
ထမင်းစားကျောင်းခေါင်းလောင်းထိုးသည်နှင့် ဆရာမပင် မထွက်ရသေးပဲ သူက အရင်ဦးအောင် စိုင်းတို့အခန်းရှေ့ကို သွားလိုက်သည်။
စိုင်းစက္ကဆိုင်းတို့အခန်းတွင် ဝင်နေသည့် သင်္ချာဆရာမှာတော့ စာသင်ချိန်နည်းနည်းလောက် ယူချင်သေးသော်လည်း မျက်မှောင်ကြုတ်ကာ အခန်းရှေ့စောင့်နေသည့် လှိုင်းခတ်သံကြောင့် သင်လက်စကို မြန်မြန်ဖြတ်ချလိုက်ရတော့သည်။ ကျောင်းသားများမှာ စိတ်ထဲတွင် လှိုင်းခတ်သံကို ကျေးဇူးအကြီးကြီးတင်သွားသည်။

လှိုင်းခတ်သံ ရောက်လာသည်နှင့် စိုင်းဘေးနားက ထိုင်ခုံဖော်က ချက်ချင်းနေရာဖယ်ရတော့သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now