Episode 36

532 34 4
                                    

"ဒီအပုဒ်က ဘယ်လိုတွက်ရတာလဲ"

စိုင်းမှာ ကျူရှင်မလာသည့် လှိုင်းခတ်သံကြောင့် မိုးဦးကြွေကိုသာ ရှင်းပြခိုင်းရတော့သည်။

"စိုင်းရေ နင် အပေါ်မှာ စားထားတာက မှားနေတယ်လေ"

စိုင်း ပြန်စားကြည့်တော့မှ အဖြေက တကယ်ကို မှားနေသည်လေ။ အဲ့ဒါကြောင့် ဆက်တွက်လို့မရတာ ဖြစ်မယ်။
စိုင်းမှာ မိုးဦးကြွေကို ကျေးဇူးတင်ကြောင်းပြောလိုက်ရင်း ဆက်တွက်နေလိုက်သည်။
ရောင်မင်းခန့်ကတော့ သင်္ချာကျွမ်းသည့်ထဲ ပါတာကြောင့် သူ့ဟာသူ အသံတိတ်ကျင့်ကာ တွက်နေလေသည်။ သော်တာယွန်းဝေကတော့ နားမလည်လည်း ဆရာမကိုသာ မေးသည်။

လှိုင်းခတ်သံမလာသည့်အတွက် စိုင်းမှာ ‌စကားပြောစရာလူလည်း မရှိတာကြောင့် အနည်းငယ်တော့ ပျင်းစရာကောင်းပေသည်။ စိုင်းမှာ အခြားအပုဒ်တွေကို နားလည်တာကြောင့် တွက်ရင်းနှင့် သူ ပထမဆုံး ပြီးသွားသည်။ သူ့လက်ရေးကလည်း အတော်မြန်သည့်ထဲ ပါသည်ကြောင့် ဖြစ်ပေလိမ့်မည်။

စိုင်းမှာ စာပြီးသွားတာကြောင့် စာအုပ်ထပ်လိုက်ပြီး ကိုယ့်ခုံတွင် ပြန်ထိုင်လိုက်ရင်း မရည်ရွယ်ပါဘဲ ဘုန်းဗညားဟန်ဆီ အကြည့်ရောက်သွားသည်။ ဘုန်းဗညားဟန်မှာ အနည်းငယ် ဖြူဖျော့နေပြီး ဖျားနေသည့်ဟန်ပင်။ အချို့သောကိစ္စများကြောင့် ဘုန်းဗညားဟန်မှာ မိုးဦးကြွေကိုပင် စကားပြောခြင်းမရှိတော့ဘဲ ရှောင်ဖယ်နေလေသည်။ အခြားသူများဆို အဖက်ပင်မလုပ်တော့။

ဘုန်းဗညားဟန်မှာ စာပြီးပြီဖြစ်တာကြောင့် သွားထပ်ဖို့ ရပ်လိုက်စဉ်မှာ သူ့ကို ကြည့်နေသည့် စိုင်းစက္ကဆိုင်းကို မြင်လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း စာအုပ်ကို အရင်သွားထပ်လိုက်သည်။ ထို့နောက် သူ့နေရာတွင် သူပြန်ထိုင်ပြီး စိုင်းကို ပြန်မကြည့်တော့။
စိုင်းစက္ကဆိုင်းက အသွင်သဏ္ဍာန်အစိတ်အပိုင်း အားလုံးက ယောကျာ်းလေးတစ်ယောက်ဟု ထင်ရသော်လည်း စိတ်ကတော့ တစ်ခုခုပင်။
လက်မှုကဏ္ဍက တစ်ဦးတည်းသော ယောကျာ်းလေး...
မိန်းကလေးအချို့ဆို စိုင်းစက္ကဆိုင်းအကြောင်း မကောင်းတာပြောလျှင်ကို မခံမရပ်နိုင်တွေဖြစ်ကာ ယောက်ျားလေးတွေနဲ့ ရန်ပြိုင်ဖြစ်ကြတော့သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now