Episode 56 [Unicode/Zawgyi]

746 20 2
                                    

Unicode

"မင်း မသွားချင်ရင်လည်း ကိစ္စမရှိဘူး.. ဒါမျိုးက အချိန်ယူရမှာ ပုံမှန်ပါပဲ"

"ငါ...."
စိုင်းမှာ ‌စားပွဲပေါ်ရှိ ကော်ဖီခွက်ကို စိုက်ကြည့်ရင်း ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားမရပါချေ။

ညက အနမ်းများက သူ့ရဲ့ စိတ်ကို ပြောင်းလဲနိုင်လိုက်ခြင်းလားတော့ မသိ။ သူ လှိုင်းခတ်သံ၏ မျှော်လင့်ချက်တို့ကို ရိုက်မချိုးချင်ပါပေ။ သို့သော်လည်း မိဘတွေကို သွားတွေ့ဖို့က သိပ်စောလွန်းသည်ဟု ယူဆမိသည်။

လူနှစ်ယောက်ကြားရှိ ဆက်ဆံရေးတစ်ခု ခိုင်မာစေရန် အချိန်ယူရသည်မှာ ထုံးစံပင်။ ထိုအချိန်၌ ဖြစ်ပျက်ခဲ့သမျှသော အတွေ့အကြုံတို့ကို ရင်ဆိုင်ဖြတ်ကျော်ပြီးမှသာ နားလည်မှု ယုံကြည်မှုတို့ဖြင့် တည်ဆောက်ထားသော စိတ်ကျေနပ်ဖွယ်ရာ ဆက်ဆံရေးတစ်ခုကို အတည်ပြုနိုင်လိမ့်မည်ဖြစ်သည်။

ထိုသို့သော အတွေးများကို ဘေးဖယ်ထားလျှင်တောင်မှ လောလောဆယ်တွင် လူကြီးမိဘများနှင့် တွေ့ဆုံရန် အတွေးတို့မှာ သူ့တွင် မရှိပါချေ။

ပတ်ဝန်းကျင်ရှိ လူများအားလုံး၏ ပြစ်တင်ရှုတ်ချ ဝေဖန်ကဲ့ရဲ့မှုများကို သူ မသိသလို ဟန်ဆောင်နိုင်သော်လည်း မိသားစုဝင်များကတော့ မတူချေ။

အထူးသဖြင့် သူ့အမေ..

လှိုင်းခတ်သံဘက်မှ လူကြီးမိဘများက သဘောတူရင်တောင် သူ့မိသားစုကတော့ မဖြစ်နိုင်ပါချေ။ အန်တီမြတ်ကတော့ ဘာမှပြောမည် မဟုတ်သော်ငြား ဖေဖေကတော့ အပြစ်တင်လာနိုင်ချေရှိသည်။ သို့သော်လည်း သူ့အဖေ၏ အကျင့်အရဆိုလျှင် လှိုင်းခတ်သံကို တိုက်ရိုက်တော့ ပြောမည်မဟုတ်ပေ။ ဒီတိုင်းမျိုသိပ်ထားကာ စိုင်းကိုသာ ပြန်စဉ်းစားဖို့ တိုက်တွန်းပေလိမ့်မည်။

အမေကတော့ လုံးဝရမည် မဟုတ်ပေ။ ဒါကတော့ လုံးဝသေချာသည်။

"အရမ်းမတွေးပါနဲ့.. ကိုယ်က ဒီတိုင်းပြောလိုက်တာပါ အချိန်တွေအများကြီး ကျန်သေးတာပဲကို"

သူ့အတွေးတွေကို ရိပ်မိသည့်အလား လှိုင်းခတ်သံက ပြောလာလေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now