Episode 23 [Unicode/Zawgyi]

572 35 1
                                    

Unicode

မီးရောင်စုံများနှင့် ပြည့်နှက်နေသည့် ခြံဝန်းကြီးကို ကြည့်ပြီး စိုင်း ကားပေါ်က ဆင်းလိုက်သည်။ သူ့လက်ထဲတွင်တော့ အန်တီမြတ် ထည့်ပေးလိုက်သည့် လက်ဆောင်အိတ်ပါလာသည်။ အန်တီမြတ်ကတော့  notebook ဟု ပြောသည်။
ဘုန်းဗညားဟန်နှင့်လည်း အလွန်တရာခင်မင်ရင်းနှီးလှသူမဟုတ်တာကြောင့် မွေးနေ့လက်ဆောင်အတွက် ထွေထွေထူးထူးစဉ်းစားမနေတော့ပေ။

သူ ခြံတံခါးနားကို ရောက်တော့ လုံခြုံရေးက တားလာသည်။

"ဖိတ်စာလေး တစ်ချက်လောက် စစ်ခွင့်ပြုပါ သခင်လေး"

စိုင်း ဖိတ်စာကို ခပ်တည်တည်နှင့် ထုတ်ပေးလိုက်သော်လည်း စိတ်ထဲတွင်တော့ ဖိတ်စာပါလာ၍တော်သေးသည်ဟု တွေးလိုက်တော့သည်။ မဟုတ်ရင် အရှက်ကွဲပြီပဲ။

လုံခြုံရေးကလည်း ဖိတ်စာကို တစ်ချက်လောက်ကြည့်ပြီးသည်နှင့် ဝင်ခွင့်ပြုလိုက်သည်။ သူ ခြံထဲကိုလျှောက်လာရင်း မြင်လိုက်ရသည်က နှစ်ခြမ်းကွဲနေသော ပါတီနှစ်ခု။
ပါတီနှစ်ခုကြားတွင် ဆယ်ပေလောက်ခြားပြီး ထိုနေရာလွတ်တွင် ငါးထပ်မကသော မွေးနေ့ကိတ်ကြီးကို နေရာချ‌ထားသည်။ နှစ်ခြမ်းကွဲနေသောပါတီတွင် တစ်ဖက်က လူကြီးတွေသာရှိပြီး တစ်ဖက်တွင်တော့ သူတို့အရွယ်တွေပင်။

သူ ရွယ်တူဘက်ခြမ်းကို သွားလိုက်သည်မှာ သူ့အရင်ကျောင်းက သူငယ်ချင်းဟောင်းအချို့ကိုပင် မျက်မှန်းတန်းလိုက်မိသည်။ အကြောင်းကိစ္စအချို့ကြောင့် ထိုလူများက သူနှင့် ကတောက်ကဆရှိထားသည်။
ထိုအုပ်စုကလည်း သူ့ဘက်ကို အကြည့်ရောက်လာသည်။ သို့သော်လည်း သူ မမြင်ချင်ယောင်ဆောင်လိုက်ကာ ဘုန်းဗညားဟန်ဆီသာ တန်းတန်းသွားလိုက်သည်။

ဘုန်းဗညားဟန်ကတော့ အပြာရင့်ရောင် အနောက်တိုင်းဝတ်စုံနှင့် အများအလယ် ထင်းထွက်နေတော့သည်။ သူ့ဘေးနားတွင်လည်း မွေးနေ့လက်ဆောင်ပေးနေကြသည့် လူတစ်အုပ်ကြီးရှိသည်။
စိုင်းကတော့ မွေးနေ့လက်ဆောင် မြန်မြန်ပေးပြီး မြန်မြန်သာပြန်လိုက်ချင်တော့သည်။

ဘုန်းဗညားဟန်က သူ့ကို မြင်သည်နှင့် လက်ယမ်းပြလာသည်။

"မင်း မလာတော့ဘူးတောင် ထင်နေတာ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now