Episode 43

575 31 2
                                    

"‌ဒေါက်တာစိုင်းရေ.. အားမှအားပါ့မလားလို့"

အမျိုးသမီးက သူ့ကို ပြုံးရွှင်ကာ နှုတ်ဆက်လာတာမို့ သူလည်း ပြန်‌လည် နှုတ်ဆက်လိုက်သည်။

"တီချယ့်မွေးနေ့လာဖို့တော့ အားပါတယ်ဗျာ"

"ဟုတ်ပါပြီ.. တီချယ် တစ်ခြားလူတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်... သား အဆင်ပြေတယ်မလား"

"ရပါတယ် တီချယ်ရယ်.. တစ်ခြားလူတွေကို သွားနှုတ်ဆက်လိုက်ပါ"

စိုင်းမှာ သူ့ခုံနံပါတ် ၃၂ ကို ရှာကာ ဝင်ထိုင်နေလိုက်သည်။ စားပွဲဝိုင်းတိုင်းတွင် နံပါတ်များနှင့် စနစ်တကျ နေရာချထားကာ ခုံးကလည်း ကွက်တိပင်ဖြစ်သည်။
စိုင်းမှာ သူ့ရှေ့ရှိ ထမင်းကြော်ကို အိန္ဒြေရရ စားလိုက်ရင်း နေ့ခင်းစာဟုသာ သတ်မှတ်လိုက်တော့သည်။

သူ စားနေရင်း စူးရှကာ ယောက်ျားဟော်မုန်းအပြည့်ဖြင့် ရေးမွေးနံ့ကြောင့် မျက်မှောင်ကြုတ်ကာ ဘေးဘက်ကို ကြည့်မိလိုက်သည်။ သူ့ဘေးခုံတွင် အမျိုးသားတစ်ယောက်က ဝင်ထိုင်လာကာ သူ့အား ပြုံးလျက် နှုတ်ဆက်လာသည်။

"တိုက်ဆိုင်လိုက်တာ.. ထပ်တွေ့ကြပြန်ပြီ စိုင်းရေ"

ထိုအမျိုးသားမှာ စင်စစ်ကို လှိုင်းခတ်သံပါပင်။ လှိုင်းခတ်သံက ယနေ့တွင် သူ့ရဲ့ ဂုပ်မထောက်တထောက်ဆံပင်ကို အသေအချာဖီးသင်ပြင်ဆင်လာတာကြောင့် ပွနေခြင်းမရှိပေ။ သူ့ဆံပင်က ဂုပ်ထောက်နေ၍ စီးလို့ရလားဆိုတော့လည်း မရ။ ဆံပင် အပေါ်ပိုင်းတွေက အထပ်အထပ်ဖြင့် လျှောကျသွားအောင် ဂရုတစိုက်ညှပ်ထားခြင်း ဖြစ်ပေမည်။ ဟိုတစ်နေ့က အမည်းဖြစ်နေသည့် ဆံပင်မှာ ယနေ့တွင်တော့ အောက်ခြေရှိဆံပင်များကို အဖြူဆိုးထားသည်။

ဝတ်စားထားသည်ကတော့ အပြာရင့်ရောင်အနောက်တိုင်းဝတ်စုံကို အထဲက အဖြူရောင်အင်္ကျီခံထားကာ အများနှင့်အညီပါပေ။ သို့သော်လည်း လှိုင်းခတ်သံကာ ညာဘက်လက်ရှိ လက်ငါးချောင်းစလုံးကို အဆူးအချွန်များပါသည့် လက်စွပ်များ ဝတ်ထားလေသည်။ ထို့အပြင် ဘယ်ဘက်နားတွင်လည်း S သဏ္ဍာန်နားကပ်ကို တပ်ထားသေးသည်။ နားကပ်က အနက်ရောင်စိန်များဖြင့် ပြုလုပ်ထားသည့်ဟန်တူကာ အလင်း‌ ဖျော့နေသည့် ဟောခန်းထဲတွင် တောက်‌ပနေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now