Episode 47

570 22 0
                                    

"စိတ်ရောဂါက ကုသရတာ ခက်ခဲလား"

"ဒါက အမျိုးအစားနဲ့ သူ့ရဲ့ စိတ်ခံနိုင်ရည်ပေါ်မှာ မူတည်ပါတယ်"

လှိုင်းခတ်သံမှာ မိုးဦးကြွေ မိတ်ဆက်ပေးထားသည် စိတ်ရောဂါဆိုင်ရာပါရဂူနဲ့ ဆွေးနွေးနေခြင်းပင်။
အကယ်၍ အဆင်မပြေရင်လည်း နိုင်ငံရပ်ခြားက ဆရာဝန်တွေကို ငှားရလိမ့်မယ်။

"လူနာက ကျွန်တော်နဲ့ ရန်ဖြစ်တာပါ.. မနက်ကျတော့ ရေချိုးကန်ထဲမှာ အိပ်ပျော်နေတာ.. ဖျားတော့မဖျားပါဘူး ဒါပေမဲ့ နိုးလာတော့ သူ့မှတ်ဉာဏ်တွေ ပျောက်သွားလို့ပါ"

"မှတ်ဉာဏ်ပျောက်တာက ဘယ်လိုမျိုးလဲ အကုန်လုံးပျောက်သွားတာလား တစ်ခုခုကိုပဲ သီးသန့်မေ့သွားတာလား"

"မဟုတ်ပါဘူး ဆရာ.. သူ့အဘွား မွေးနေ့က မှတ်ဉာဏ်ကို ရောက်သွားတာပါ"

"အချို့စိတ်ရောဂါရှင်တွေက သူတို့လှုံ့ဆော်ခံလိုက်ရတဲ့အခါကျရင် သူတို့အမုန်းဆုံး ဒါမှဟုတ် အနှစ်သက်ဆုံး မှတ်ဉာဏ်တွေကို ပြန်မှတ်မိလေ့ရှိတယ်.. ဒါမျိုးက သာမန်လူတွေ ဖျားနာရင်တောင် ဖြစ်လေ့ရှိပါတယ် ဒါပေမဲ့ စိတ်ရောဂါရှင်တွေကတော့ အခြေအနေပိုဆိုးသွား‌တာပေါ့"

"ကုလို့ရလား"

"အနာရှိရင် ဆေးရှိတယ်ဆိုသလိုပါပဲ.. ပြဿနာအရင်းအမြစ်.. လူနာကို ဒီလိုဖြစ်စေခဲ့တဲ့ အတိတ်ကို သိရင် ရပါတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

လှိုင်းခတ်သံမှာ အပြန်လမ်းတစ်လျှောက်လုံး စိတ်နဲ့လူနဲ့ မကပ်ပေ။ သူ့မှာ ကားမောင်းနေရင်း အရှေ့ရှိကားကိုပင် တိုက်မိမလို ဖြစ်သွားတာကြောင့် ကားကို တစ်နေရာတွင်သာ ထိုးရပ်လိုက်ရင်း လေကောင်းလေသန့်ရှူဖို့ ပြင်ရတော့သည်။

စိုင်းက ဘာတွေဖြစ်ခဲ့လို့ ဒီပုံစံဖြစ်သွားရတာလဲ..

သူ မြန်မြန်အဖြေရှာဖို့လိုပြီ။ ထိုရောဂါကို မကုနိုင်မခြင်း သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
ထိုနေ့က ရေကန်ထဲတွင် လဲလျောင်းနေသည့်ပုံရိပ်က သူ့အား အိပ်မက်ဆိုးများ မက်စေသည်။ နောက်တစ်ကြိမ်ဆိုတာများ ထပ်ရှိခဲ့ရင်....

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Dove le storie prendono vita. Scoprilo ora