Episode 17 [Unicode/Zawgyi]

609 34 0
                                    

"အဲ့တစ်ယောက်ကို ဘာလို့မခေါ်တာလဲ"

စိုင်း၏ မေးခွန်းကြောင့် ထမင်းချိုင့်ဖွင့်လက်စ မိုးဦးကြွေ ကြောင်သွားသည်။

"ဘယ်တစ်ယောက်လဲ"

"အဲ့ ခခဆိုတဲ့တစ်ယောက်လေ"

"ဪ အဲ့တစ်ယောက်လား ဆင်းရဲမဲ့ပုံလေ မပေါင်းတာကောင်းတယ်"
မိုးဦးကြွေရဲ့ တည့်တိုးစကားကြောင့် စိုင်း မျက်လုံးပြူးသွားသည်။ စိုင်း တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်မှာပင် လှိုင်းခတ်သံက ဝင်‌မေးလာသည်။

"နင် ဘယ်လိုသိလဲ"

လှိုင်းခတ်သံမေးခွန်းကြောင့် မိုးဦးကြွေက တစ်ချက်ရယ်လိုက်သည်။

"ကြည့်တာနဲ့ သိပါတယ် စကားပြောရင်လည်း ခခ ခခနဲ့"

"အဲ့တော့ နင်က ဆင်းရဲတဲ့သူဆို မပေါင်းဘူးပေါ့"

လှိုင်းခတ်သံ မေးတော့ မိုးဦးကြွေက ရယ်သည်။
"လှိုင်းခတ်သံရယ် နင်ပြောမှပဲ ငါက အဆင့်အတန်းခွဲခြားတဲ့ပုံပေါက်နေပြီ ငါက ဆင်းရဲလို့ မပေါင်းတာမဟုတ်ဘူး ဒီတိုင်း.. မပေါင်းချင်လို့"

"အဲ့ဒါဆို နင်ဘာလို့ တခြားလူတွေနဲ့‌ကော မပေါင်းတာလဲ"

စိုင်းက ရုတ်တရက်ကြီး ဝင်မေးလာတာကြောင့် မိုးဦးကြွေက အနည်းငယ် တန့်သွားသည်။

"အဲ့လိုတော့လည်း မဟုတ်ပါဘူး ဒီတိုင်း ..ဇယားတွေ မရှုပ်ချင်လို့"

သူမစကားကို ဘယ်သူမှ မယုံကြပေ။ ကြပေ။ မိုးဦးကြွေကလည်း စကားလမ်းကြောင်းလွဲသည့်အနေဖြင့် အခြားဟာကို မေးလာသည်။

"ငါ အရင်တုန်းကတော့ သော်တာယွန်းဝေနဲ့ပေါင်းပါတယ် အခုမှသာ..မပေါင်း‌တော့တာ နင်တို့မျက်စိထဲမှာ သူ့ကို ဘယ်လိုထင်လဲ"

မိုးဦးကြွေရဲ့ တက်ကြွစွာ မေးလိုက်တဲ့ မေးခွန်းကြောင့် သုံးယောက်စလုံး ခပ်ထွေထွေ ဖြစ်သွားသည်။ ဒါပေမဲ့ လှိုင်းခတ်သံကတော့ အဖြေတစ်ခုကို ဖြေလာသည်။

"ဆင်းရဲတယ်...ကြိုးစားတယ် အဲ့ဒါလား"

သူ့အဖြေကြောင့် မိုးဦးကြွေက အနည်းငယ် မနှစ်မြို့သလို ဖြစ်သွားသည်။
"နင် ဘယ်လိုသိလဲ"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now