Episode 46

496 28 0
                                    

စိုင်းမှာ အိပ်ရာထဲတွင် ခပ်ခွေခွေအိပ်နေရင်း လှိုင်းခတ်သံပြောသည်များက ဦးနှောက်ထဲပြန်ဝင်လာသည်။

သူ လှိုင်းခတ်သံကို လမ်းမှန်ပေါ် ပြန်လည်ရောက်ရှိစေချင်ပါသည်။ လှိုင်းခတ်သံဆိုသည်က ရုပ်ရှည်၊ ငွေကြေး၊ နောက်ခံမသိုင်းအဝိုင်း မည်သည့်အရာကိုမျှ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံပါသည်။ ထိုကဲ့သို့သော လူမျိုးက သူ့လိုယောကျာ်းတစ်ယောက်ကို ခံစားချက်ရှိနေခြင်းက အမှန်တကယ်ကို မသင့်တော်ပေ။

ထို့အပြင် မိသားစုဘဝကို အလွန်အမင်းတောင့်တပါသော သူ့အဖို့ အမျိုးသားတစ်ဦးနှင့် ဘဝကိုထူထောင်ဖို့ မဖြစ်နိုင်ပါချေ။ သူ့ဘယ်လက်က ညာဘက်လက်ဖမိုးကို ခဏခဏဆွဲစိတ်နေရင်း မျက်တောင်ကိုလည်း မျက်ကြောလိုက်သူပမာ တဖြတ်ဖြတ်ခတ်နေမိသည်။

လကွယ်ညဖြစ်သည့်အလျောက် ကောင်းကင်က မှောင်မိုက်နေကာ လူသားများ၏ အားလုံးသောအရာများကို မျက်ကွယ်ပြုထားသည့်အလား။

********

လှိုင်းခတ်သံမှာ မနက်ဆယ်နာရီကျော်ပြီဖြစ်သော်လည်း ထွက်မလာသေးသည့် စိုင်းကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူနဲ့ စကားများရုံလောက်နဲ့တော့ စိုင်းက အလုပ်ပျက်မိသူ မဟုတ်ချေ။

'ဒေါက်' 'ဒေါက်'

တံခါးကို ခေါက်နေပါသော်လည်း အထဲမှ အသံပြုလာခြင်းမရှိတာကြောင့် လှိုင်းခတ်သံမှာ အနည်းငယ် စိတ်ပူလာသည်။

'ဒုန်း' 'ဒုန်း'

တံခါးကို ထုရိုက်နေပါသော်လည်း တုံ့ပြန်သံက ထွက်မလာခဲ့။ လှိုင်းခတ်သံမှာ ဘေးနားရှိ ပန်းအိုးနှင့် တံခါးကို ရိုက်ဖျက်လိုက်သော်လည်း ပွင့်မလာသေးပေ။
သုံးချက်မြောက်တွင်တော့ တံခါးက အနည်းငယ်ပဲ့ထွက်နေပြီဖြစ်သည်။ လှိုင်းခတ်သံမှာ တံခါးကို အားပြင်းပြင်းကန်လိုက်သည်နှင့် တံခါးမှာ ကျိုးထွက်သွားတော့သည်။
သူ အခန်းထဲကို လှည့်ပတ်ရှာလိုက်သော်လည်း မည်သူမျှရှိမနေပါချေ။ ရေချိုးခန်းထဲမှ ရေသံကြား‌တာကြောင့် သူ အမြန်ဝင်သွားလိုက်တော့ မြင်ကွင်းက သွေးပျက်စရာပါပင်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now