Episode 35

549 32 1
                                    

Private Study နှစ်လက များသည်ဟုထင်ရသော်လည်း စာလုပ်သူများအဖို့တော့ လုံလောက်မှုပင်မရှိ။ 
ကျောင်းတွေပိတ်သွားပြီဖြစ်တာကြောင့် ကျူရှင်ကို ထမင်းချိုင့်ဆွဲကာ တစ်နေကုန် သွားရတော့သည်။ ကျူရှင်မှာလည်း သင်ခန်းစာတွေက ပြတ်ပြီဖြစ်တာကြောင် စာကျက်ဝိုင်းအဖြစ် ငါးယောက်တစ်ဖွဲ့ ခွဲထုတ်တော့သည်။

ပုံမှန်အားဖြင့် စိုင်းရယ် လှိုင်းခတ်သံ ရောင်မင်းခန့် မိုးဦးကြွေက တစ်ဖွဲ့ဖြစ်သော်လည်း အသစ်ရောက်လာသည့် သော်တာယွန်းဝေက ပိုနေတာကြောင့် သူတို့အုပ်စုကို ရောက်လာသည်။
သော်တာယွန်းဝေကတော့ အရမ်းပံ့ပိုးချင်နေသည့် အဖေဖြစ်သူကြောင့် ဒီကျူရှင်တွင် တက်နိုင်ခြင်းပင်။ အရင်ကဆို ကျူရှင်စရိတ်ကြောင့် အနားပင် မကပ်နိုင်။

တစ်ဖွဲ့တည်းကျသော်လည်း သူတို့က သော်တာယွန်းဝေကို စကားမပြောဖြစ်။ တစ်ဝိုင်းတည်းတွင် ထိုင်ပြီး အထီးကျန်နေရသည်က အနည်းငယ် ကသိက‌အောက် ဖြစ်မိသော်လည်း သော်တာယွန်းဝေမှာ နေသားကျအောင် ကြိုးစားလိုက်ပြီး စာကိုသာ အာရုံစိုက်လိုက်တော့သည်။

"ဒီနေ့‌ နေ့တစ်ဝက်နဲ့ ဆင်းရမှာဆိုတော့ အပြင်လေးဘာလေး သွားမလား"

"ဗိုလ်ချုပ်ဈေး"
မိုးဦးကြွေစကားကို အရင်ဦးဆုံး တုံ့ပြန်လာသည်က ရောင်မင်းခန့်။

"မောင်လေးရဲ့အဆိုကို ပယ်ချတယ်.. ဟိုနှစ်ယောက် စဉ်းစား လိုက်မှာလား"

"လိုက်မယ် ဒါပေမဲ့ ဘုရားဖြစ်ဖြစ် သွားရအောင်"
စိုင်း၏စကားကို မိုးဦးကြွေမှာ ဝမ်းသာအားရ ထောက်ခံလိုက်တော့သည်။

"ဒါပေါ့ ငါ ဝမ်းဆက်ဝတ်လာတာ အလကားမဟုတ်ဘူးလေ အစကတည်းက ဘုရားသွားချင်နေတာ"

"စိုင်းပါရင်တော့ ငါလည်း လိုက်မယ်လေ"

လှိုင်းခတ်သံစကား‌‌ကြောင့် မိုးဦးကြွေမှာတော့ မျက်လုံး လှိမ့်လိုက်ရင်း ဘာမှပြန်မပြောတော့။
ကျူရှင်ဆင်းသည်နှင့် လှိုင်းခတ်သံတို့အုပ်စုမှာ အမြန်သိမ်းကာ ထွက်လာလိုက်‌တော့သည်။

"မိုးဦးကြွေ"

မိုးဦးကြွေကို ခေါ်ခြင်းဖြစ်သော်လည်း တစ်ဖွဲ့လုံးက လှည့်ကြည့်မိလိုက်သည်။
"ငါ့အိမ်က ညနေလေး‌နာရီမှ လာကြိုမှာမို့လို့... နင်တို့နဲ့ လိုက်လို့ရလား အိမ်ပြန်ဖို့ကျ လမ်းမသိလို့"

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now