~1~

29.6K 1.9K 221
                                    

အခန်း (၁) - သခင်ကအရမ်းကြင်နာတတ်တာပဲ ။

ပျောက်ဆုံးမြို့တော်ကြီးထဲ ထူးခြားတဲ့လောကသစ်လေးတည်ရှိတယ် ။ Alpha Beta Omega တွေရှင်သန်နေထိုင်တဲ့လောကထဲ ပင်ကိုယ်စွမ်းရည်နဲ့စွမ်းအားကသာ အရာရာကိုဆုံးဖြတ်မှတ်သားပေးတယ် ။ Alpha တစ်ယောက်ရဲ့ ပြင်းထန်တဲ့လွှမ်းမိုးမှုဟာ အဆင့်အတန်းတစ်ရပ်ဖြစ်ပြီး အင်အားကြီးမားတဲ့ Alpha တွေကအုပ်ချုပ်သူတွေဖြစ်လာတယ် ။ Omega တွေရဲ့ အလှအပ နဲ့ အရသာရှိမှုက သည်လောကြီးရဲ့ရသဖြစ်တယ် ။ အကျော်ကြားဆုံး Omega တွေကကျော်ကြားတဲ့ Alpha တွေရဲ့မိတ်ဖက်ဖြစ်လာပြီး တူညီတဲ့အခွင့်အရေးတွေရရှိတယ် ။ Beta တွေရဲ့ဘဝကတော့ရိုးရိုးရှင်းရှင်းဖြစ်ပြီး စီမံခန့်ခွဲခြင်းနဲ့သည်ကမ္ဘာကြီးပြည့်စုံကြွယ်ဝနေမှုရဲ့သော့ချက်ဖြစ်တယ် ။

ထုထုစာအုပ်ထဲက အကြောင်းအရာတွေကိုဖတ်ကြည့်နေတာပါ။ အင်း ထူးထူးဆန်းဆန်း ထုထုကစာဖတ်တတ်တဲ့လှောင်အိမ်ထဲက ဝယ်သူမျှော်ရတဲ့ ယုန်ပိစိလေးတစ်ကောင်ပါပဲ ။ ဆိုင်ရှင်က ကြမ်းတမ်းတဲ့ Omega တစ်ယောက်လေ ။ သူကအရမ်းလှပေမဲ့ စိတ်ထားမကောင်းဘူး ။ ကြည့်ပါဦးထုထုကိုမကျန်းမာလို့တဲ့အစာလည်းဝဝမကျွေးဘဲ စျေးကိုနည်းနည်းပဲတင်ထားတယ် ။ သူ့ Mate က ဆုံးပါးသွားတဲ့အတွက်သူကစိတ်တိုလွယ်ပြီးကြမ်းတမ်းတဲ့ Omega ဖြစ်လာတာလို့လူတွေအတင်းတုပ်တာကြားဖူးတယ် ။ ထုထု သူကျွေးတာမကြိုက်ဘူး ။ ထုထုက ကျန်းမာရေးလိုက်စားတဲ့ယုန်ကလေးမို့ မြက်ချိုမြက်ခြောက်လေးတွေပဲကြိုက်တယ် ။ အစာစိုတွေ အများကြီးမစားချင်ပါဘူး ။ ထုထုအနံ့နံမှာကြောက်တယ် ။ ထုထုက မထွားပေမဲ့ သန့်ရှင်းပြီးလှပတဲ့ယုန်လုံးလေးဖြစ်ချင်တာပါ ။

ထုထုအတွေးများနေတုန်း ဖြန့်ခင်းစျေးသည်တွေကလှုပ်လှုပ်ရှားရှားထိတ်လန့်သွားတယ် ။ အထူးသဖြင့် ထုထုကိုဖမ်းထားတဲ့ Omega ပေါ့ ။ သူကတရားမဝင် အကောင်လေးတွေဖမ်းပြီးရောင်းနေတာကိုး ။ ထုထုနော် တောထဲကြီးလာပေမဲ့ဥပဒေနားလည်တဲ့ယုန်လေးတစ်ကောင်ပါပဲ ။

Omega က မျိုးသန့်ပြီးလှတဲ့ယုန်တောင်းတွေကိုသယ်ယူပြီးထွက်ပြေးသွားတယ် ။ ထုထုကအသဲငယ်တဲ့ယုန်ကလေးမဟုတ်ပါဘူး ။ ဒါပေမဲ့ကိုယ့်တစ်ကောင်တည်းချန်ခဲ့တော့ထုထုဝမ်းနည်းသွားတယ် ။ ထုထုလှောင်အိမ်အောက်မှာအခံမပါလို့ ခြေထောက်တွေအရမ်းနာတယ် ။ ထုထုဒီထဲမှာပဲသေသွားရတော့မယ်ထင်ပါရဲ့ ။

Xiao Tu Tu and Leo Where stories live. Discover now