~74~

3.6K 464 48
                                    

အခန်း (၇၄)- ထုထုနေလို့မကောင်းလိုက်တာ ။

ခွေးလိုက်ခံထားရတဲ့ ထုထုတစ်ယောက်သခင့်အရိပ်အခြည်ကြည့်နေရဒယ်း ။ သခင်က ကလေးတွေပဲထိန်းပြီးထုထုကိုမျက်နှာတည်ကြီးနဲ့ကြည့်နေတာလေနော်။ ထုထု ပျင်းလာတာကြောင့် ထုထုစာအုပ်အကြီးကြီးတစ်ခုကိုဖတ်လိုက်တယ်။

အမယ်းမယ်း ။ မင်ဂါဆောင်ပြီးရင် ကျားကျားလို့ခေါ်ကြဒဲနော ။ မိန်မိန်းတော့ဒီမှာမရှိပါဘူး ။
ထုထုတစ်ခုခုတွေးမိပြီး အတန်းလိုက်အိပ်ပျော်နေတဲ့ကလေးတွေကိုပေါင်လေးတွေသွားဖြဲကည့်တယ် ။

သူတို့ကလည်းအထီးလေးတွေချည်းပါပဲလားနော် ။ ထုထုက အမလေးတော့လိုချင်သေးတာ ။ လှုပ်နေတဲ့အမြီးကကြမ်းပြင်မှာ တဘတ်ဘတ် ။
ထုထုမြွေလိုလျှောတိုက်ပြီး ကလေးတွေရဲ့အစာခွက်နားသွားလိုက်တယ် ။

"သက်ရှိကြမ်းတိုက်တံလေး ကိုယ့်ဆီလာခဲ့ "

သခင်ခေါ်တာနဲ့ထုထုနားရွက်လေးထောင်သွားတယ် ။ အဟေဟေ ။ သခင်စကားပြောပြီ ။

"သခင်းးး "

ကွိကျိကွကျအော်နေတဲ့ယုန်လုံးလေးကိုကောက်ပွေ့ပြီး Alpha က ရေချိုးပေးလိုက်တယ် ။ သဘက်လေးအောက်ကနေ စပ်ဖြဲဖြဲလုပ်ပြနေတာကြောင့်မရယ်မိဘဲမနေနိုင်တော့ ။

ကလေးတွေကိုအခန်းထဲပို့ပေးပြီးတာနဲ့ သူတို့နှစ်ယောက်အဆောင်တော်ရဲ့ခေါင်မိုးဆီတက်လာခဲ့ကြတယ် ။ ရင်ခွင်ထဲနဂါးငွေ့လှုံရင်း
ပိုးတုံးလုံးလေးလိုဖြစ်လာတဲ့ကောင်ငယ်လေးကို အသင့်ယူလာတဲ့ညဝတ်ခြုံထည်လေးသတ်ပေးလိုက်တယ် ။

"ကြည့်ပါဦးမီးအိမ်ကောင်လေးတွေတောက်နေတာပဲ ...သူတို့ကဆယ်နှစ်မှတစ်ခါလောက် ထွက်လာတာ "

"ထုထုလိုချင် "

လူသားပုံစံနဲ့ဆိုအားနည်းသထက်နည်းလာတဲ့ကောင်လေးက စကားတောင်သွက်သွက်လက်လက်မပြောနိုင်တော့ ။ Alpha က လက်အသာဝေ့လိုက်တော့ မီးအိမ်ကောင်လေးတွေက  သူတို့အနားကိုပျံဝဲလာကြတယ် ။

"သူကဘာလို့မီးမလင်းတာလဲ?  နေမကောင်းဘူးလားနော် "

"မီးအိမ်ကောင်လေးတွေက သူတို့ Soulmate နဲ့ ဝေးကွာသွားရင် မီးမလင်းတော့ဘူး .... Sean သိလား ကိုယ်လည်း... "

Xiao Tu Tu and Leo Where stories live. Discover now