~22~

7.6K 1.2K 91
                                    

အခန်း(၂၂)  - တရားစာအုပ်ဖတ်ရင်း သူ့ယုန်ကိုပစ်မှားမိခဲ့တယ် ။

ထုထုနိုးလာတော့အကျယ်ကြီးသမ်းဝေလိုက်တယ် ။ ထုထုပါးအောက်မှာ သခင့်ရဲ့ရင်ဘတ်ကျယ်ကြီးက နှလုံးရဲ့ဆောင့်ချက်လေးအတိုင်းအရှိန်မှန်မှန်ခုန်လှုပ်နေပါတယ် ။သခင့်နှလုံးခုန်သံက ထုထုရဲ့သားချော့တေးလေး ။ ထုထုသခင့်ဘယ်ဘက်ရင်အုံကိုနားရွက်ပြန်ရွှေ့ပြီးဆက်အိပ်ဖို့ကြိုးစားလိုက်တယ် ။ သူ့မှာနားရွက်လေးလှုပ်မရပြန်တော့လူဖြစ်သွားပြန်ဆိုတာသိလိုက်ရတယ် ။ အဲ့ဒါမို့ထုထုချမ်းနေတာ ။

ထုထုရဲ့မသိနားမလည်မှုကြောင့်သူတို့နှစ်ယောက်ရဲ့ မျိုးပွားအင်္ဂါလေးတွေက မီးထွက်တော့မဲ့ကျောက်နှစ်ခုအလား ပွတ်တိုက်နေမိတော့တယ်။
Alpha ကသူ့ယုန်အသံထွက်လာတည်းက တရေးနိုးအခစားဝင်ဖို့ မျက်လုံးပွင့်နေခဲ့တာဖြစ်တယ်။ အိပ်ယာဘေးအသင့်ထားထားတဲ့ အတွင်းဝတ်ဘောင်းဘီကိုသူယူပြီးနှစ်ယောက်လုံး လုံလုံခြုံခြုံထုတ်ပိုးလိုက်တယ် ။ သူအချိန်ကအမှောင်ရာဂတွေစိုးမိုးချိန်မို့ဘောင်းဘီတစ်ထည်ကမလုံလောက် ။

ထုထုအိပ်ယာဖြစ်တဲ့ Alpha ကအဝတ်ဘီရိုဆီထသွားတာမို့ထုထုစောင်ကိုကိုက်ဝါးရင်းစောင့်နေလိုက်တယ် ။ သခင်က ထုထုကိုအဝတ်အပြည့်ဝတ်လာပေးတယ် ။ ထုထုတို့ပြန်အိပ်ကြတယ် ။ သခင့်နှလုံးခုန်သံက Rocker ကြီးဖြစ်နေတယ် ။

သခင်ကလေပူတွေမှုတ်ထုတ်ရင်းထသွားပြန်တယ် ။ ထုထုအနွေးထည်ကြီးထပ်ဝတ်ရတယ် ။
သခင်ရေသောက်နေတော့ထုထုလည်းအိပ်ယာပေါ်ဘေးစောင်းလေးလှဲအိပ်ရင်းစောင့်နေတာပေါ့။ သခင်ကခါးကိုအဝတ်တစ်စလာစည်းပေးသွားပြန်တယ် ။ ထုထုလှုပ်လို့တောင်မရတော့ဘူးနော် ။

သူ့ယုန်က ယုန်ထိုင်နည်းကားလေးဘက်လေးထိုင်နေတော့ ဟိုက်ကျနေတဲ့အဝတ်အောက်က အဖုအထစ်လေးတွေ ဝင်းစက်နေတဲ့အသားနုလေးတွေ ။ လည်တိုင်ကျော့ကျော့နဲ့အသာပွင့်ဟနေတဲ့ နှုတ်ခမ်းရဲရဲ ။ နက်စွေးနေတဲ့မှဲ့နက်စက်ငယ်လေး ။ Alpha က ရေသောက်နေရင်းအာခေါင်တွေခြောက်နေတယ် ။ ချော်ရည်ပူတွေသူ့ကိုယ်ထဲစီးဝင်သွားခဲ့သလိုမျိုး ။

Xiao Tu Tu and Leo Where stories live. Discover now