~87~

2.1K 400 52
                                    

အဖိခံထားရတဲ့ယုန်က ရှောင်းကျန့်ပါးပြင်ကမျက်ရည်တွေကို မွေးပွလက်ကလေးနဲ့အသာအယာသုတ်ပေးလာတယ် ။ အလုံးလေးကတော့ ဘာဖြစ်နေမှန်းနားမလည်တာကြောင့်
အကန်ခံထားရတဲ့ဘောလုံးလေးလိုအခန်းတစ်ပတ်လျှောက်လှိမ့်ပြီးသာဆော့နေခဲ့တယ် ။

နောက်ရက်မှာတော့ရှောင်းကျန့်ခပ်စောစောနိုးလာခဲ့တယ် ။ အမှန်ကတော့သူလန့်နိုးလာတာပါ ။အိပ်မက်ဆန်းဆန်းတစ်ခုမက်ခဲ့တယ်လေ ။မှောင်ပိန်းနေတဲ့ နှင်းတောထဲမှာလျှောက်သွားပြီး တစ်ယောက်ယောက်ကိုသူအသည်းအသန်လိုက်ရှာနေခဲ့တာတဲ့ ။ အိပ်ယာကနိုးလာတဲ့အထိ သူ့မှာဝမ်းနည်းပက်လက်ဖြစ်နေတုန်း ။

ဘေးကိုလှည့်အိပ်တော့မျက်ဝန်းစိမ်းလေးတွေနဲ့ယုန်က သူ့ကိုမျက်တောင်မခတ်ငေးနေတယ် ။

"ထူးဆန်းတဲ့ယုန်ကလေး အဲ့လိုကြည့်ရမယ်လို့ဘယ်သူပြောလဲ ၊ နောက်ခါ စိတ်ပူအောင်လုပ်ရင်တကယ်ရိုက်တော့မှာနော် "

အလုံးလေးကတော့ ရှောင်းကျန့်အသံတိုးတိုးကြားတာနဲ့နိုးလာပြီး ရင်ဘတ်ထဲအတင်းဝင်ဖို့ကြိုးစားနေတယ် ။ အခုထိအလုံးလေးကဘာအကောင်မှန်းရှောင်းကျန့်မပြောနိုင်သေးပေမဲ့
နို့တအားဆာလောင်နေပုံရတယ် ။ အစာဘယ်လောက်ကျွေးကျွေးလစ်တာနဲ့နို့ကိုရှာနေတုန်းပဲ ။

"နို့ထပ်ဝယ်ဖို့ပိုက်ဆံရှာဦးမှပါပဲ "

နေရာပြောင်းကာစ မမဆီကလည်းသူမုန့်ဖိုးတောင်းရမှာရှက်ပါတယ်လေ ။ ရှောင်းကျန့်
လည်းမမတို့နဲ့စျေးထွက်ရောင်းရင်ကောင်းမယ် ။
လူကြားထဲနေရမှာကြောက်ပေမဲ့လည်း ရှောင်းကျန့်လူကြီးဖြစ်သင့်နေပြီ ။ ရှောင်းကျန့်လူကြီးလိုနေနိုင်ရင် ရှောင်းကျန့်ယုန်လေးလည်းပုန်းအောင်းပြီးနေစရာမလိုလောက်ဘူး ။

"ဘာလို့ငါ့ဆီလာခဲ့ကြတာလဲ သခင်ကောင်းကောင်းလေးရှာပါ့လားနော် "

"ရှောင်းကျန့်ကောင်းကောင်းမထားနိုင်ရင်ထွက်သွားကြမှာလားဟင်? "

ယုန်ကပျောက်ပျောက်သွားတာ အစာရှာထွက်တာလို့သူထင်တယ် ။ ရှောင်းကျန့်အစာတော့ပေးပေမဲ့သူတို့မကြိုက်ဘူးထင်ပါရဲ့ ။ အခုချိန်အိမ်ပြန်လာသေးပေမဲ့ နောက်ပိုင်း သခင်ကောင်းကောင်းနဲ့တွေ့သွားခဲ့ရင်... ။

Xiao Tu Tu and Leo Unde poveștirile trăiesc. Descoperă acum