~66~

5.3K 926 45
                                    

အခန်း (၆၆) - ထုထုအရက်မူးနေတယ် ။

ဗိုက်ကလေးကော့ထားတဲ့ထုထုက မက်မန်းသီးနီနီရဲရဲလေးတွေစိမ်ထားတဲ့အရည်အိုးကိုလှမ်းလှမ်းရှိုးနေပါတယ် ။ ဟဲဟဲ ။ ထုထုနည်းနည်းယူစားလို့ရလား ။

ရိပ်မိသွားတဲ့ Alpha ကအိုးကိုအမြင့်မှာလှမ်းတင်ပြီးယုန်မမှီအောင်ထားလိုက်တယ် ။ Ice က လူပုံစံထက်ယုန်ပုံစံက ကိုယ်ဝန်လွယ်ရသက်သာစေမယ်လို့အကြံပေးတာကြောင့် Alpha က တော်ရုံလူပုံမပြောင်းတော့ပေ ။ ထုထုလူဖြစ်ရင်စကားများလွန်းလို့ Ice အကျင့်ပုတ်တယ်လို့ထုထုထင်နေဒဲး ။

ယုန်က နံရံမှာကျောကပ်ပြီးခြေထောက်လေးနှစ်ချောင်းကိုကျစ်ထားတယ် ။ သခင်မျက်နှာလွှဲတာနဲ့ စင်နားကိုသူတစ်လှမ်းတိုးသွားတယ် ။ သခင်ထွက်သွားတဲ့အခါမှာတော့စင်ပေါ်ကိုသူလုံးတုံးတုံးနဲ့အပီတက်ပါတော့တယ် ။ စင်ပေါ်ရောက်တဲ့အခါအိုးကိုဖွင့်စားရင်း ထုထုကသဘောကျနေတယ် ။ ဟဲဟဲ ထုထုစားလို့ရတာပေါ့ ။ အရည်တွေကိုလက်ကလေးနဲ့စိမ်ရင်းအမွှေးမှာကပ်လာသမျှသူလျှာလေးနဲ့လျက်တယ် ။ ပြီးတော့သူသခင်မသိအောင်အစေ့တွေအိုးထဲထည့်ပြီး ပြန်ဆင်းလာခဲ့တယ် ။ မိနစ်ပိုင်းလောက်အကြာ သူပျော်ရွှင်လာတယ် ။ ကခုန်ချင်တယ် ။ ရယ်ချင်တယ် ။

အေ့ဂ် ဟေးဟေးဟေး ။

Alpha က ရေနွေးအိတ်နဲ့ပြန်ဝင်လာတော့ တလှုပ်လှုပ်ရယ်နေတဲ့သူ့ကြင်ယာတော်ကိုတွေ့လိုက်ရတော့တယ် ။ မက်မန်းသီးဝိုင်နဲ့ဆင်တူတဲ့အရောင်ကာလာက ယုန်ရဲ့တစ်ကိုယ်လုံးမှာကပ်လို့ ။

"မက်မန်းသီးတွေခိုးစားထားတာလား "

ယုန်ကစပ်ဖြဲဖြဲနဲ့ ဒယိမ်းဒယိုင်ထလာပြီးခေါင်းခါပြတယ် ။ ရယ်နေတဲ့ပါးစပ်မှာအနီကွက်တွေကကြောက်စရာ ။ လက်ပုတိုတွေကိုလည်းကျောနောက်ပစ်ထားသေးတယ် ။

"ကိုယ့်ကိုလိမ်ပြန်ပြီ "

ယုန်ကတဟင်းဟင်းရယ်နေရင်းသူ့ကိုချီခိုင်းတယ် ။

"မနက်ဖြန်ပဲ ထိမ်းမြှားရတော့မယ် အခုထိဆော့နေတုန်း "

ယုန်ကသူ့ကိုပြုံးလို့သာကြည့်နေလေရဲ့ ။ Alpha ခေါင်းကိုအသာခါလိုက်ပြီး အိပ်ယာပေါ်တင်ပေးဖို့လုပ်တော့ ယုန်ကအတင်းဖက်တွယ်လာပြီးသူ့မျက်နှာအနှံ့နမ်းတယ် ။

Xiao Tu Tu and Leo Where stories live. Discover now