~70~

6.3K 926 108
                                    

အခန်း (၇၀) - ထုထုထွက်နေပြီ ထုထုကလေးလေးထွက်နေပြီ။

သမားတော်တွေရောက်လာတော့ ကြည့်ပေးနေကျဆရာဝန်ကအရင်ဆုံးတာဝန်ကျတယ် ။ အမွှေးပုံကိုမြင်တဲ့အခါ တိကုဆရာဝန်နဲ့ထိုသူ
အကြည့်ချင်းဆုံသွားတယ် ။

"ကလေးမွေးခါနီးလို့ယုန်သဘာဝအရအမွှေးချွတ်ပြီးအသိုက်ဆောက်ချင်နေတာပါ ၊ ပြဿနာမရှိပါဘူး အုပ်ချုပ်သူ "

သခင့်ရင်ခွင်ထဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ကပ်ချွဲနေတဲ့ထုထုက ဟိုကုတ်ဒီကုတ်နဲ့ရှက်သွားတယ် ။ အော်ဖြစ်တယ်ထင်လို့ပေါ့ ။ ထုထုဘယ်သိမလဲ ။

ထုထုလှုပ်စိစိနဲ့ နံရံလေးမှာလက်သွားထောက်တယ် ။ ဖင်လေးတစ်ခြမ်းကောက်ထားပြီးခါးထောက်လျက်သားနဲ့အရှက်ပြေလေးဝန်ဆောင်ရတာပေါ့ ။ ကိုယ်ဝန်ဆောင်ကိုညှာတာကြပါနော ။

ထုထုရပ်နေတုန်းဗိုက်ကတော်တော်လေးနာလာတယ် ။ ထုထုစိတ်ညစ်ပါတယ် ။

ဘာမှမဖြစ်ဘူးတဲ့ ကလေးလေးရဲ့ ။ ဖေကြီးထုထုဟန်ဆောင်တာတော်တော်လေးများထားလို့ ကလေးလေးကပါဆက်ဟန်မဆောင်နဲ့တော့နော ။ ဖေကြီးထုထုရှက်တယ် ။

သူတကွိကွိပြောနေပေမဲ့ ဗိုက်ကပိုပိုပြီးနာလာတာမို့ယုန်အိမ်သာလေးထဲပြေးဝင်သွားလိုက်ပါတယ် ။ Ice က Alpha ရဲ့အခန်းဆီအပြေးအလွှားရောက်လာပြီးသူ့မျက်နှာကဖြူလျော့နေတယ် ။

"Ice? "

" ဝိဥာဥ်သစ်လေးရှင်သန်လာပါပြီ "

"ဘာပြောတာလဲ "

ထုထုမထွက်တဲ့ဘွတ်ဘွတ်ကိုညှစ်နေရင်းခေါင်းလေးပြူပြီးချောင်းကြည့်လိုက်တယ် ။ Ice ဘာပြောတာလဲးး ။ ထုထုခေါင်းပေါ်တစ်ရှုးလေးအုပ်ပြီးမျက်လုံးနှစ်ပေါက်စာဖောက်လိုက်တယ် ။

လက်ပုတိုလေးတွေကိုသရဲလို ဆန့်တန်းရင်းအဖြူခြုံဝိဉာဥ်လေးပမာသူကအိမ်သာအပြင်ထွက်လာတယ် ။

Ice ကိုခြောက်မယ်ကွား ။ သရဲလေးထုထုက နားရွက်လေးထောင်လို့ပေါ့ ။

"သူမီးဖွားချိန်ကျပါပြီ "

ထုထုက တစ်ရှုးအုပ်လျက်သားလေး စွေ့ခနဲလေပေါ်မြောက်သွားရာကနေ ကုတင်ပေါ်တင်ခံလိုက်ရတယ် ။

Xiao Tu Tu and Leo Where stories live. Discover now