~95~

2.1K 372 28
                                    

Alpha ယုန်က သူ့ရဲ့ဝတ်ရုံပါးကိုလျော့ရဲရဲဝတ်ထားရင်းတိုက်ခန်းကို သန့်ရှင်းတောက်ပြောင်သွားအောင်လှည်းကျဥ်းနေပါတယ် ။ သူကအလုပ်တွေအကုန်လျှောက်လုပ်နေတာတောင် ချစ်ရသူလေးအပေါ်လွမ်းဆွတ်နေတာကိုလျစ်လျူရှုမထားနိုင်ပေ ။

သူထွက်လိုက်သွားပါကလည်း အိမ်ပိတ်ပြစ်ဒါဏ်ချသွားတဲ့ ကောင်ငယ်လေးကစိတ်ဆိုးလေရော့ဦးမည် ။ သူထွက်သွားတိုင်းလည်း ကောင်ငယ်လေးကဒီလိုခံစားနေခဲ့ရလိမ့်မယ်ဆိုတာသူသိပေမဲ့ သူ့မှာနည်းလမ်းအများကြီးမှမရှိဘဲ ။ ဒီလောကရဲ့ခန္ဓာနဲ့ သူ့ဝိဥာဥ်သေချာချိတ်ဆက်ပြီး ဒီခန္ဓာကိုယ်ကိုမြန်မြန်ထိန်းချုပ်နိုင်မှသာ ကောင်ငယ်လေးရဲ့အနာဂါတ်ကိုသူပြည့်ပြည့်ဝဝတာဝန်ယူနိုင်လိမ့်မည် ။ လူ့သက်တမ်းတိုတဲ့ ဒီလောကမှာသားရဲ
ဝိဥာဥ်ဆိုတာလည်းမရှိတဲ့အလျောက် ခန္ဓာကိုယ်တွေကနာကျင်ထိခိုက်လွယ်ကြတယ် ။

သူကစည်းမဖောက်တတ်တဲ့စည်းကမ်းကြီးသူတစ်ယောက်မို့လောကအကူးအခြားပြုခြင်း ၊ ခန္ဓာကိုယ်အသစ်တည်ဆောက်ခြင်း စတာတွေကတားမြစ်ထားတဲ့အရာတွေဟုသာအသိရှိခဲ့တာဖြစ်တယ် ။ တတ်နိုင်သမျှကြိုးစားနေသည့်တိုင် သူကြိုးစားနေတာတွေက နည်းလမ်းမသိ ၊ လမ်းညွှန်မရှိတာမို့ ခရီးဘယ်အထိပေါက်ပြီလဲဆိုတာတောင်မတွက်ချက်နိုင်ဘူး ။ အချိန်တိုင်းကြိုးစားနေဖို့ကလွဲရင် ပိုကောင်းတဲ့နည်းလမ်းမရှိပေ ။

Alpha ကောက်ရထားတဲ့ အမွှေးနုနုလေးတွေကိုအသာပြန်ထုတ်ကြည့်ရင်း သူ့ကောင်ငယ်လေး
သူ့ကိုပြန်လည်သတိရပြီး အချစ်သည်းသည်းနဲ့ခုန်အုပ်လာမဲ့ရက်ကိုမစောင့်စားနိုင်တော့ ။

************************************

အိမ်ရဲ့မိခင်လောင်းကြီးက တစ်ရက်မှာတော့ရေးကြီးသုတ်ပျာနဲ့ဆေးရုံတက်ဖို့သူ့အထုပ်သူပြင်ကာထွက်သွားလေတယ် ။ ဆရာဝန်မှန်းပေးထားတဲ့ due date နဲ့ကကွာသေးပေမဲ့ သူမဆေးရုံတက်တဲ့ညမှာပဲ ကလေးထွက်လာလေရဲ့ ။
ရှောင်းကျန့်တို့ဆေးရုံလိုက်စောင့်ဖို့ သေချာတောင်မပြင်ဆင်ရသေးချိန်မှာပဲအစ်မက ကလေးထုပ်လေးပိုက်လို့ယောက်ဖနဲ့အတူဆေးရုံကပြန်ဆင်းချလာတယ် ။

Xiao Tu Tu and Leo Where stories live. Discover now