~48~ 🚨

11K 1.2K 213
                                    

အခန်း (၄၈) - အဆင့်တက်ကြရအောင် ။

Alpha က အနည်းငယ်စိတ်မရှည်ဖြစ်လာတယ် ။ အဝတ်ပုံထဲမြုပ်နေတဲ့ ယုန်ကိုပွေ့ချီပြီးအိပ်ယာပေါ် ပွေ့တင်လိုက်ပြီး လူပုံပြန်ပြောင်းလိုက်တယ် ။ ယုန်က နဂါးမီးတောက်နဲ့ရင်းနှီးလာတော့ထိန်းချုပ်လာနိုင်ပုံရတယ်။ အခုဆိုရင် နဂါးမီးတောက်အငွေ့အသက်တွေပြည့်နေတောင်ယုန်ပုံစံပြန်ပြန်ပြောင်းနေတော့သူစိုးရိမ်မိတယ်။လုပ်နေတုန်းယုန်ဖြစ်သွားရင်....  Alpha က တစ်ချက်တွန့်သွားတယ် ။

သူလွန်းနေရတဲ့တင်ပါးလုံးလေးကို အသာလှန်ကြည့်တော့ Sean က ခေါင်းလေးထောင်ပြီး လိုက်ကြည့်တယ် ။ လှတယ်နော် ။ သခင့်ဟာလည်းလှ ထုထုဟာလည်းလှ ။ Sean ကသူ့ဘာသာသဘောကျမိပြီးသွားမှ နီးကပ်လာတဲ့ Alpha ရဲ့လက်ကြောင့်ပြန်တွန့်သွားပြန်တယ် ။

"အစာသွပ်ပါနဲ့သခင် "

"အစာသွပ်တာကဘာလဲ?  ဘာတွေမြင်လာပြန်တာလဲ ကလေးရဲ့ "

Alpha က အပေါ်ပြန်တက်လာပြီးသူ့ကောင်လေးမျက်နှာကိုမွှေးမွှေးကြူတယ် ။ Sean စိတ်ပေါ့လာအောင်သူဖြေလျှော့ချော့မော့ပေးနေတာပါ ။

"သခင်ထုထုကိုယ်ထဲအစာသွပ်ပြီးကင်မှာလေ ထုထုသိတယ်နော် ထုထုမြင်နေတယ် "

"ဘာအစာသွပ်ရမှာလဲ Sean  ရယ် ကိုယ့်ဟာပဲသွပ်မှာပေါ့ သဘောကျတယ်ဆို?  ဟင်?  မချစ်ဘူးလား "

Alpha ဆီကမကြားဖူးတဲ့လေသံနဲ့ပြောလာ​တေ့အစာသွပ်တာကိုထုထုအာရုံမလာတော့ဘူး ။

"ထုထုချစ်တယ်လေ "

"အဲ့ဒါဆို ဘာလို့ကိုယ့်ကိုငြင်းနေတာလဲ ကိုယ်တစ်နေ့လုံး ဒီအလုံးပလုံးလေးကိုလွမ်းနေရတာကွာ ၊ ပြန်ရောက်ရင်တဝကြီး ဖက်နမ်းပြီး ဖက်ထားမယ်လို့တွေး..."

"သခင်ထုထုဖင်ပဲအရင်ညှစ်တာလေ "

Alpha က မချိပြုံးပြုံးပြီးနှာခေါင်းပွတ်လိုက်တယ် ။

"အဲ့လိုဖြစ်သွားတာလား "

"အွင်း"

"ဒါပေမဲ့ Sean အရင်ကသဘောကျပါတယ် နှိပ်ပေးရင်ဇိမ်ယူပြီးတော့ "

"သခင်းးး.. Ice ကပြောတယ်းးး"

Alpha က Ice ဆိုတဲ့အသံကြားတာနဲ့မျက်ခုံးပင့်သွားတယ် ။ ယုန်ကတော့သူ့ဘာသာယုန်ထင်ထုထုထင်ထားသမျှ Ice ကိုအမည်တပ်လို့သူ့သခင်ရင်ခွင်ထဲဝင်ချွဲပါရဲ့ ။

Xiao Tu Tu and Leo Where stories live. Discover now