~10~

8.4K 1.1K 54
                                    

အခန်း (၁၀) - ထုထုတို့ပထမဆုံးနှင်းတွေကြည့်ကြတယ် ။

ထုထုရောက်လာတဲ့သုံးရက်မြောက်နေ့ ။ ထုထုရာသီဥတုအခြေအနေကိုအကဲခတ်ပြီး
နှင်းကျတော့မှာကိုခံစားမိတယ်။ဘာလို့ဆို ထုထုမြက်ခြောက်ရှယ်လှန်းတဲ့အချိန်လေ ။ ခုတော့မလိုတော့ပါဘူး ။ သခင်က ဒီနေ့မြက်ခြောက်
ကွတ်ကီးတောင်လုပ်ကျွေးတယ် ။ ထုထုမှာပြန်ကျွေးစရာကထုထုပဲရှိတာ ။ ဒါပေမဲ့ထုထုယုန်သားဟင်းဖြစ်ချင်ဘူး ။ ထုထုခုတောင်ပုနေတာခုတ်ထစ်လိုက်ရင်ထုထု အပိုင်းလေးတွေဖြစ်သွားမှာပေါ့ ။

Alpha က အစီရင်ခံစာတွေဖတ်နေရင်း ခြေထောက်ကုတ်နေတဲ့ ယုန်ကိုလှမ်းကြည့်လိုက်တယ် ။ သူစချင်လာတာမို့ယုန်ကိုဆွဲလှဲပြီးခြေထောက်တွေကုတ်လိုက်တယ် ။ ထုထုကယားပေမဲ့ဇိမ်လည်းရှိတာမို့ခြေထောက်လေးရုန်းလိုက်ပြန်ထိုးပေးလိုက်နဲ့ အရသာခံတယ် ။ Alpha က အစီရင်ခံစာတွေကိုပြန်ဖတ်ရင်းလက်တစ်ဖက်ကသူ့ယုန်ခြေထောက်ကိုဆော့လျက်သား ။

ထုထုသခင့်လက်ကိုခြေထောက်နဲ့တွန်းလိုက်တယ်။ Alpha ကသူ့အလုပ်တွေပြီးတော့ ထုထုပြေးလို့မရအောင် အနှီးထုပ်လေးထဲထည့်ခဲ့ပြီး ရေသွားချိုးတယ် ။

ထုထုမျက်နှာကျက်ကိုငေးရင်းပျင်းလာလို့လှိမ့်ကြည့်ပေမဲ့ အနှီးထုပ်ကပြေမသွားခဲ့။ သူလှုပ်နေတုန်းမှာပဲသခင်က ခေါင်းရေသုတ်ရင်းရေချိုးခန်းထဲကထွက်လာတယ် ။ ထုထုငြိမ်နေလိုက်ပြီး သခင့်ကို ပြူးပြူးလေးငေးနေမိပါရဲ့။သခင်ဆံပင်တွေကိုနောက်မလှန်ဘဲချထားတယ်လေ ။ ထုထုမမြင်ဖူးဘူး ။

Alpha က သူ့ယုန်ကိုမျက်စိမှိတ်ပြပြီးအပေါ်ကအုပ်မိုးလိုက်တယ် ။ ရေစက်လေးတွေကသူ့ယုန်ပေါ်ကျတော့မှ သူစနေတာကိုရပ်ပြီး အထုပ်ဖြေပေးလိုက်တယ် ။ ထုထုကရူးသွပ်သွားသလိုသူ့ခေါင်းပေါ်ပြေးတက်လာပြီးဆံပင်တွေကို ကိုက်တော့တာပဲ ။ Alpha က သူ့ယုန်စိတ်တိုင်းကျဆော့နိုင်အောင်အိပ်ယာပေါ်လှဲချလိုက်တယ် ။ ထုထုဆံပင်ကနေ Alpha ရဲ့ မျက်နှာအေးအေးကိုအာရုံရောက်ပြီး မျက်နှာပေါ်လျှောက်သွားလိုက်တာ ။ ယုန်ရဲ့တစ်ကိုယ်လုံးကသူ့မျက်နှာပေါ်ပိနေတော့ Alpha က ခပ်တိုးတိုးရယ်တယ် ။ ရယ်သံချိုချိုထွက်လာတဲ့နှုတ်ခမ်းတွေကိုလည်းထုထုအူယားသွားပြီးပြေးဖမ်းလိုက်တယ် ။ သခင်ကနှုတ်ခမ်း ကိုတပြွတ်ပြွတ်လုပ်နမ်းတော့သူ့လက်နဲ့ညှစ်နေရင်း ပြန်နမ်းလိုက်ပါတယ် ။

Xiao Tu Tu and Leo Where stories live. Discover now