~24~

7.8K 1.2K 41
                                    

အခန်း(၂၄)- သခင်နဲ့အတူ ... ပန်းလှေပွဲတော် ။

Alpha က နန်းတော်ထဲအချိန်ကုန်နေတဲ့သူ့ယုန်အတွက် ပျော်စရာရှာပေးဖို့အစီအစဥ်ဆွဲထားတယ် ။ ပန်းလှေပွဲတော်ရက်ရဲ့အစည်ကားဆုံးအချိန်ဖြစ်တဲ့လမိုက်ညမှာ Sean ကိုခေါ်ပြီးထွက်လာခဲ့တယ် ။ Sean သာ သူတို့နဲ့မတူညီခဲ့ရင် ...Sean ဒီကမ္ဘာရဲ့အငွေ့အသက်တွေကို သံယောစဥ်တွယ်စေချင်တယ် ။ သူဒီလောကရဲ့ဝင်ရိုးစွန်းတွေအထိ Sean ကို သူခေါ်သွားပေး
နိုင်တယ် ။

ပွဲတော်ရဲ့အရသာမပျက်အောင်သူတို့နှစ်ယောက်ကရုပ်ဖျက်လာခဲ့တယ် ။ပွဲစျေးထဲက လူတိုင်းရဲ့မျက်နှာမှာ ပန်းတွေကိုတိပ်နဲ့ကပ်ပြီးအလှဆင်ထားကြတယ် ။ Alpha ကိုယ်တိုင်လည်းကွဲ
မထွက်နေအောင် မိုးပြာရောင်ဒေစီပန်းတစ်ပွင့်ကိုပါးမှာကပ်ထားပြီး သူ့ယုန်ကိုတော့ ပန်းခွေစည်းလေးသာသရဖူသဖွယ်တင်ပေးထားပါတယ် ။

ထုထုအမြီးပေါ်မှာဆာကူရာလေးတွေတင်ချင်တာမို့သခင့်ကိုပူဆာလိုက်တယ် ။ Alpha က
ဆာကူရာပင်ဖျားက ပန်းတွေကိုလက်ပေါ်ကြွေကျစေပြီးလုံးနေတဲ့သူ့ယုန်အမြီးလေးပေါ် အလှဆင်လိုက်တယ် ။

Alpha ရဲ့အိတ်ထဲမှဝတ်စုံတစ်စုံအပိုပါလာပေမဲ့ Sean နဲ့တော်လောက်မဲ့ အဝတ်တွေရောင်းချနေတဲ့ဆိုင်ကိုမြင်တော့ဝင်ကြည့်ဖြစ်တယ် ။ သူ့ယုန်က ဇာဖဲပြားအကြီးကြီးတွေ ၊ အတွန့်အလိပ်တွေပါတာကိုသိပ်သဘောကျတာပဲ ။

သူတို့စျေးထဲပတ်သွားရင်သစ်သီးငှက်သိုက်ဝယ်ဖို့တန်းစီးလိုက်တယ် ။ ထုထုက ငှက်သိုက်မျှင်တွေကိုလက်နဲ့လုပ်နေတာမြင်ပြီးပါးစပ်ကြီးဟသွားတယ် ။

[Aeri's Note - Tang Hu Lu လေးလိုမျိုးပါပဲ ၊ သူကသကြားရည်ကပ်တာမဟုတ်ဘဲသကြားရည်ပူတွေပေါ်သစ်သီးတုတ်ထိုးတင် ၊  လက်နှစ်ဖက်ကြားတုတ်ထိုးချောင်းကိုညှပ်ပြီးတစ်ချက်ပွတ်ဆွဲလိုက်ရင် လှည့်သလိုဖြစ်သွားတာပါ ။ လေထုကြောင့် သကြားရည်တွေကလေသလပ်ပြီးငှက်သိုက်မုန့်လို အမျှင်လေးတွေဖြစ်သွားပါတယ်]

[Aeri's Note - Tang Hu Lu လေးလိုမျိုးပါပဲ ၊ သူကသကြားရည်ကပ်တာမဟုတ်ဘဲသကြားရည်ပူတွေပေါ်သစ်သီးတုတ်ထိုးတင် ၊  လက်နှစ်ဖက်ကြားတုတ်ထိုးချောင်းကိုညှပ်ပြီးတစ်ချက်ပွတ်ဆွဲလိုက်ရင် လှည့်သလိုဖြစ်သွားတာပါ ။ လေထုကြောင့် သကြားရည်တွေကလေသလပ်ပြီးငှက်သိုက်မုန့်လို အမျ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Xiao Tu Tu and Leo Where stories live. Discover now