~13~

7.4K 1.2K 63
                                    

အခန်း(၁၃) - သခင်ကပိန်သွားတယ် ။

လှောင်အိမ်ထဲကလွတ်လာပြီးသုံးရက်အတွင်းထုထုသခင့်ဗီရိုလေးထဲဝင်အိပ်နေခဲ့တယ် ။ သခင်က Alpha ဆိုတော့ထင်ရှားတဲ့ကိုယ်သင်းနံ့ရှိတယ် ။ ထုထု သခင့်ရဲ့ကျောက်စလဃယ်လေးကိုတွေ့တော့ဖက်ပြီးငိုလိုက်ပါတယ် ။ သခင်ပြန်မလာတာလေးရက်တောင်ရှိပြီ ။ အစာလာပို့တဲ့သူတွေတွေ့ရင်ထုထုအသံမထွက်ဘဲနေတယ် ။ နောက်ဆုံးတော့ထုထုပြတင်းပေါက်ကိုထွက်ပြီးနှင်းတွေကျတာကိုကြည့်နေခဲ့တယ် ။ သူအပြင်ကိုမကြည့်ဖြစ်တာကြာပြီ ။ နန်းတော်ဥယျဥ်ထဲ နဂါးပျံပုံမီးပုံးအကြီးကြီး အလှဆင်ထားတယ် ။ ပတ်လည်မှာရောင်စုံပီးပုံးလေးတွေနဲ့ ။ ယုန်မီးအိမ်လေးတွေကိုရှာတွေ့တော့ သခင်လည်းဒီမီးအိမ်လေးတွေမြင်စေဖို့ဆုတောင်းပါတယ် ။

Alpha ဘုရားကျောင်းပြတင်းဝကနေ မီးပုံးအလှလေးတွေ ကြည့်လိုက်တယ် ။ ယုန်ပုံစံတွန်းလှည်းလေးတွေနဲ့ဆော့နေတဲ့ကလေးအချို့ကိုမြင်တော့ Sean ကိုသူသတိရမိတယ် ။ အဆင်ပြေရဲ့လားကွယ် ။

****
ငါးရက်မြောက်နေ့ ။ လဝန်းကြီးကဝိုင်းသထက်ဝိုင်းလာခဲ့တယ် ။ ထုထုကိုသခင်ကတကယ်ပဲစွန့်ပစ်သွားပြီလားထုထုသိချင်တယ် ။

ခြောက်ရက်မြောက်နေ့ ။ သခင်ရှိစဥ်တုန်းက ထုထုကိုမျက်နှာသာပေးခဲ့တဲ့အစေခံတွေကထုထုစွန့်ပစ်ခံရတော့မယ်လို့ပြောပြီးပျော်ရွှင်နေခဲ့ကြတယ်။

ခုနသ်ရက်မြောက်နေ့ ။ ထုထုမိုးကာအနွေးထည်ကိုခြုံပြီး လွယ်အိတ်လွယ်လို့သခင့်ကိုရှာဖို့ထွက်လာခဲ့ပြီ ။ အစောင့်တွေအလစ်ခိုးထွက်ဖို့သူညဘက်ကိုရွေးချယ်ခဲ့တယ် ။ နှင်းတွေထူထပ်နေတဲ့လမ်းပေါ်ခြေချလိုက်တာနဲ့ထုထုခဲတောင့်သွားသလိုပဲ ။

ထုထုဘယ်သွားရမယ်မသိပါဘူး ။ သခင်နဲ့သွားနေကျလမ်းတွေပေါ်သာ သူမှန်းဆပြီးလျှောက်လာခဲ့တယ်။ ဆောင်းရာသီဖြစ်ပါလျက် တလက်လက်ထနေတဲ့လျှပ်စီးတွေကိုထုထုကြောက်တယ် ။ သခင်နဲ့တွေ့ရင်သခင်ကနွေးသွားအောင်လုပ်ပေးမှာထုထုသိတယ် ။

ဆီးနှင်းထူထပ်တဲ့ ညအမှောင်ထဲ ကြိုးစားလမ်းလျှောက်နေတဲ့ယုန်လေးတစ်ကောင်ရှိခဲ့တယ် ။ သူဟာ အနာဂါတ်ကိုတွေးပြီးရင်ခုန်နေတဲ့ သူခြေလှမ်းတွေရဲ့အရှေ့မှာရှိမဲ့အန္တရာယ်တော့သတိမမူမိခဲ့ဘူး ။

Xiao Tu Tu and Leo Where stories live. Discover now