~3~

9.2K 1.3K 85
                                    

အခန်း(၃) - ထုထုကသခင့်အပိုင်ဖြစ်သွားပြီ ။

ဟိ... ထုထုရေတွေစိုသွားတယ်လေ ။ ထုထုယက်ကန်ယက်ကန်လေးနဲ့ သခင့်ကိုရေကူးပြခဲ့သေးတယ် ။ သခင်ကထုထုအောက်မှာရှိနေတော့ ရေနစ်မှာမကြောက်ပါဘူးနော် ။ သခင်ကဒုတိယအကြိမ်ထုထုကိုရေခြောက်အောင်သုတ်ပေးပြီးဆေးပြန်လိမ်းပေးရတယ် ။

ထုထုအိပ်ငိုက်လာတယ် ။ သခင်ကအသာပွတ်သပ်ဆော့နေတော့ပိုဆိုးတာပေါ့ ။

"Sir. ကင်းထောက်စခန်းက အရေးပေါ်တွေ့ဆုံဖို့တောင်းဆိုလာပါတယ် "

"ကောင်းပြီ "

သခင်က မွေ့ယာပေါ်ကနေထသွားပြီးဝတ်စုံပြည့်ပြန်လည်ဝတ်ဆင်နေတယ် ။သခင့်ကိုယ်ပေါ်ကငွေရောင်ကြိုးမျှင်တွေကိုသူသိပ်ဆော့ချင်တာပဲ ။
သခင်ကအဝတ်ချွတ်မယ်ထင်ခဲ့ပေမဲ့ဘာမှမမြင်လိုက်ရတော့ထုထုဝမ်းနည်းလိုက်တာ ။ သခင်အကုန်လုံးပြင်ဆင်ပြီးတဲ့အထိ ထုထုမျက်လုံးလေးအားတင်းဖွင့်ပြီးငေးနေခဲ့တာ ။ ဒါပေမဲ့
ထုထုမျက်လုံးတစ်ဖက်ပဲဖွင့်နိုင်တော့တယ် ။

"Sir. ဒါကတော့ Sir ခိုင်းထားတဲ့ တရားဝင်မွေးမြူခွင့်ပါ နံမည်တော့မထည့်ရသေးပါဘူး "

"ကောင်းပြီ "

သခင်က ငွေရောင်အဝိုင်းပြားလေးကိုယူလာပြီးထုထုရှေ့မှာချပေးတယ် ။

"ဒါကပေါက်စလေးအတွက် ညကျရင်နံမည်လှလှလေးတစ်ခုကို ကိုယ်တို့ရွေးကြမယ် "

ထုထုရဲ့နှာနုလေးကိုလက်ညှိုးလေးနဲ့ဖိပြီးပြောတော့ထုထုမျက်လုံးလေးမှေးခနဲပိတ်ချလိုက်ရတယ် ။ ဟွန့် ခုတောင်မျက်လုံးလေးတွေကအိပ်ချင်လို့မှေးနေပါတယ်ဆိုနော် ။ ထုထုနှာနုကိုဖိတာမကြိုက်ပေမဲ့သခင်လုပ်တာဆိုတော့စိတ်မဆိုးပါဘူး ။ ထုထု သခင့်လက်လေးတွေကို လက်ပုတိုလေးထဲထွေးပိုက်ပြီးဖွက်လိုက်တယ် ။ သွားနဲ့တော့ ။ ထုထုကိုချော့သိပ် ။

"ဟာဟ "

Alpha က မပြုံးစဖူးအရယ်ထူးခဲ့ပါတယ် ။ ဒီယုန်လေးက ဉာဏ်ရည်မြင့်တဲ့ မွေးယုန်မဟုတ်ပေမဲ့ ပုံမှန်ထက်ထူးခြားလွန်းနေတယ် ။ တောရိုင်းယုန်ဆိုပေမဲ့ယခုချိန်ထိပြေးတာ ကိုက်တာမလုပ်ခဲ့ဘူး ။ Alpha က နှုတ်ခမ်းစေ့လို့သံစဥ်တိုးတိုးညည်းဆိုလိုက်တယ် ။ ယုန်လုံးလေးဟာနှုတ်ခမ်းရဲရဲလေးကိုကော့ညွှတ်ထားရင်း အိပ်မောကျသွားတော့တယ် ။ နှုတ်ခမ်းအောက်ခြေမှာ အမဲကွက်လေးရှိနေတာတွေ့တော့ Alpha ကအသာပွတ်ပေးလိုက်တယ် ။ အမွှေးနက်မရောတဲ့ယုန်ရိုင်းကထူးထူးဆန်းဆန်းမှဲ့တစ်ကွက်စာလေးသာ နက်စွေးနေတာဖြစ်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now