~18~

8.4K 1.2K 113
                                    

အခန်း (၁၈)  - ပျားရည်စိမ်ယုန်ကလေး ။

ထုထုအမြီးလှုပ်ပြီး သခင့်လက်ကိုလိုက်ဖမ်းနေတယ် ။

"Sean... ​ကိုယ်အလုပ်လုပ်နေတယ်လေ "

သဘာဝဓာတ်စာအဖြစ် ပျားရည်နဲ့ဇီးသီးတွေစိမ်နေတဲ့ Alpha က လေပြေအေးနဲ့တားလိုက်တယ် ။ သဘာဝဓာတ်စာ ဖြစ်မဖြစ်မသိပေမဲ့ ပျားရည်ထဲယုန်မွှေးလေးတွေရောပါနေတာမို့ မိဘတွေကိုလက်ဆောင်ပေးဖို့တော့မဖြစ်နိုင်တာမို့ သူအသစ်တစ်အိုးထပ်လုပ်နေတာ ။ ယုန်ကအခုထိဆော့ချင်နေတုန်း ။ သူ့ယုန်ကစိတ်ဝင်စားနေပုံရတာမို့သူရှင်းပြလိုက်တယ် ။

"ဒီဇီးသီးကအရိုင်းတွေလေ အရသာမရှိဘူး ပျားရည်ထဲစိမ်လိုက်ရင် အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်း... "

ပလုံ။

ထုထုကပျားရည်အိုးထဲခုန်ဝင်လိုက်ပြီး သူ့ကိုပြူးတူးတူးနဲ့ ရယ်ပြလာတယ်။ ထုထုက ပျားရည်စိမ်ထားတဲ့ယုန်ရိုင်းလေးပါ ။ ထုထုအရသာရှိသွားပြီလား ။

"အမွှေးတွေခုနကမှရှင်းပေးထားတာလေ Sean ရယ် "

ပျားရည်အိုးသေးသေးလေးထဲခွေခေါက်နေတဲ့ သူ့ယုန်ကိုပြန်ဆယ်လိုက်ပြီး ရေနွေးနွေးလေးနဲ့ချိုးပေးလိုက်တယ်။ နန်းတော်ထဲကယုန်တွေရေချိုးပေးရင် အအေးမိပြီးသေဆုံးတာများသတဲ့ ။ သူ့ယုန်ကတော့ရေထိရင်မြူးလာတော့တာပါပဲ ။

ထုထုရေချိုးပြီးတော့ တဘက်ပေါ်ထိုင်ရင်းသခင်ရေသုတ်ပေးတာဇိမ်ခံနေတယ် ။ထိုင်တာတစ်မိနစ်မပြည့်ခင် အရိုးမဲ့ပက်ကျိလေးလို Alpha ရဲ့ပေါ်တွေပေါ်မှီချလာတော့ Alpha ပါရေစိုသွားတယ် ။ အမွှေးခြောက်သွားတော့ သန့်စင်နေတဲ့ယုန်ကလေးက ယုန်အိမ်သာထဲပြေးဝင်သွားတယ် ။ သူ့ကိစ္စပြီးတော့ အမြီးလေးကိုမပြီးဖင်လေးလာထောင်ပေးတယ် ။ Alpha က အဝတ်စကို ကိုင်ထားရင်းသုတ်ပေးဖို့ကိုမဝံ့မရဲ ။ သူ့အတွေးထဲ ပြောင်တင်းလုံးဝန်းနေတဲ့ တင်ပါးဆိုင်လေးတွေကို စက်ဝန်းကြီးလိုအစီအရီမြင်ယောင်လာတယ် ။  ယုန်က သူ့ကိုမသန့်ရှင်းပေးတဲ့ Alpha ကိုလှည့်ကြည့်ပြီး ဖင်လေးလှုပ်ပြလိုက်တယ် ။ ထုထုပေနေတယ်လေ သုတ်ပေးလေ။

Xiao Tu Tu and Leo Where stories live. Discover now