~34~

7.4K 1.1K 54
                                    

အခန်း (၃၄) - လာပါဦး ။

ထုထုနဲ့သခင် လည်လည်သွားနေတာပါ ။ သခင်ကထုထုနန်းတော်ထဲပိတ်မိနေမှာကြောက်လို့ အပြင်အလည်ခေါ်သွားပေးမယ်တဲ့ ။ ထုထုတို့အရင်ကလာတဲ့ရေပူစမ်းရှိတဲ့ တည်းခိုခန်းကြီးကိုရောက်လာတယ် ။ ပွဲတော်ပြီးသွားတော့အလှဆင်ထားတာတွေမရှိတော့ပေမဲ့စျေးသည်လေးတွေပြည့်နေတာပဲ ။ ထုထုအားပေးဦးမယ် ။

Alpha က သူ့ဖုန်းကိုပိတ်ထားလိုက်ပြီးပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်နေတဲ့ယုန်ကိုဆွဲလှလိုက်တယ်။ယုန်ကခြေထောက်လေးတွေတွန်းသွားပြီးမှသူ့သခင်အောက်မှာချစ်ဖို့ကောင်းတဲ့ပုံစံလေးနေလိုက်ပါတယ် ။

သခင်ဘာလုပ်မလို့လဲ ။

Alpha က သူ့ယုန်ရဲ့ဗိုက်လေးကိုပွတ်သပ်ပြီးနားရွက်နဲ့ကပ်ထားလိုက်တယ်။နှစ်ဘဝလုံးမှာတူညီတဲ့တစ်ခုက Sean ဗိုက်ဆာတာဖြစ်စေ ၊ ဗိုက်ဝနေတာဖြစ်စေ ၊ ရေသောက်ထားတာဖြစ်စေ ကျယ်လောင်တဲ့အသံလေးတွေ ဂွီဂွီဂူးဂူးနဲ့ မြည်နေတတ်တယ် ။ ယုန်ကသူ့သခင်ခေါင်းကိုပွတ်ပေးလျက် ။

ထိုအချိန်မှာပဲ အသံဆာဆာလေးကိုသူတို့ကြားလိုက်ရပါတယ် ။

"သကြားမုန့်ချိုချိုလေးတွေရမယ်နော် "

ယုန်ကဆွေ့ခနဲရုန်းလို့ခုန်ထွက်သွားပြီးအဆောင်အောက်ကိုငုံ့ကြည့်နေတယ် ။ ဖင်လေးလုံးနေအောင်ကုန်းကြည့်တာမို့ Alpha ကပြုတ်ကျမသွားအောင် နောက်ကဆွဲပေးထားရတယ် ။တွန်းလှည်းသည်က မျက်စိဝေ့ရင်းယုန်ကိုတွေ့သွားတော့ယုန်က ခပ်တည်တည်နဲ့ လက်လေးယပ်ခေါ်လိုက်တယ်။

ဒီကိုလာပါဦး ။ ထုထုမြည်းကြည့်ဦးမယ် ။ အပိုပေးမှာလား ။ Alpha က နောက်ကနေခေါင်းညိတ်ပြပြီးအဆောင်အောက်ဆင်းလာခဲ့တယ် ။ ယုန်ကအရောင်စုံသကြားမုန့်တွေကိုသူ့
စိတ်ကြိုက်ရွေးဝယ်ပြီး သူ့ရှုံအိတ်ထဲက ငွေအကြွေစေ့လေးတွေထုတ်ရှင်းတယ် ။ ယုန်ဆော့လို့ရအောင်ထည့်ပေးထားတဲ့အကြွေစေ့တွေကို Alpha က ပြန်သိမ်းပြီးကျသင့်ငွေကိုသူ့ဘာသာရှင်းလိုက်ပါတယ် ။ အပေါ်ပြန်တက်ဖို့လုပ်တဲ့အခါယုန်ကသူ့ဘောင်းဘီစကိုကိုက်ဆွဲထားရင်းတည်းခိုဆောင်အရှေ့ကအုတ်ခုံလေး
ပေါ်အပြေးတက်ထိုင်ပါတော့တယ် ။ သကြားမုန့်အတူစားရင်းယုန်က ဖြတ်လာသမျှတွန်းလည်သည်တွေကိုလက်ကလေးပြပြီးခေါ်တော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now