~98~

2.1K 340 31
                                    

အခန်း (၉၈) : လုံးလုံးရဲ့ညီလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ဒယ်ဒီရဲးးးး

မင်ကောနဲ့အတူယုန်ကပြန်ရောက်လာတော့ရှောင်းကျန့်အံအားသင့်သွားတယ် ။

"ဘယ်ကတွေ့လာတာလဲ "

"လမ်းမှာလျှောက်သွားနေတာလေ ၊ ကားတွေစက်ဘီးတွေနဲ့အန္တရာယ်များလိုက်တာကွာ ခြင်းထောင်းထဲသေချာမထားဘူးလား ကိုယ်မွေးထားရင်တော့ ဂရုသေချာစိုက်ပေးရမယ်လေ ရှောင်းကျန့် "

ရှောင်းကျန့်ယုန်ကိုပွေ့ချီလိုက်ပြီး စကားမပြန်နိုင်ပါ ။ သူဂရုမစိုက်ပေးတာမှမဟုတ်တာ ။ ယုန်ကလူတစ်ယောက်လိုမျိုး သူ့အစီအစဥ်နဲ့သူ
ညတိုင်းထွက်ထွက်သွားပြီးမှပြန်လာတတ်တယ်ဆိုတာ ဘယ်သူကယုံမှာတဲ့လဲ ။

"ကောပြန်ထွက်ရမှာလား "

"အေး မင်းအစ်မက စျေးဝယ်ထွက်ချင်လို့တဲ့ ၊ သူလည်းမီးအောင်းနေရတာကြာတော့ ငါခဏခေါ်သွားပေးမလို့ ၊ သိတဲ့အတိုင်းမင်းအစ်မက အငြိမ်မှမနေတတ်တာ လဝက်လောက်အခန်းအောင်းနေရတော့ မီးယပ်မကိုင်ခင် စိတ်ဖောက်သွားမှာစိုးရမယ် "

ကလေးနို့တိုက်နေတဲ့အစ်မက မျက်စောင်းထိုးလာပေမဲ့ ရန်တော့ထမမူပါချေ ။

"ကျွန်တော်လည်း လိုက်ခဲ့မယ် ၊ ကလေးအတွက် နည်းနည်းပါးပါးဝယ်စရာရှိလို့ "

"မင်းတူအတွက်ဘာမှကိုမလိုဘူး ကိုယ့်ဘာသာစုဆောင်းထား "

"မဟုတ်ဘူးလေ ၊ အညိုလုံးလေးအတွက်ပြောတာ "

သူတို့လှည့်ကြည့်တော့ နို့ငမ်းရင်း မမအနားရောက်သွားပုံရတဲ့အညိုလုံးလေးက ကလေးကိုအူတယားယားနဲ့ အတင်းတိုးဝှေ့ကြည့်နေတယ် ။
သူက လက်သေးသေးလေးတွေနဲ့ ကလေးကိုယ်ပေါ်ရောက်အောင်တွယ်တက်ချင်နေပုံပဲ ။ မမကလက်တစ်ဖက်နဲ့ကာထားတော့ သူ့အကြံလေးကမအောင်မြင်ရှာဘူး ။

နို့ဝသွားတဲ့ကလေးကိုအောက်မှာချသိပ်ပေးတော့ သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လေထဲကိုစိုက်ကြည့်နေတယ် ။ ကလေးကလူတွေကိုလိုက်မကြည့်တတ် ၊ မမှတ်တတ်သေးဘူးလေ ။

အညိုလုံးကချက်ချင်းကို ကလေးရဲ့
ခေါင်းအုံးအပေါ်ဘက်ပြေးတက်သွားပြီး မျက်နှာလုံးလုံးလေးကိုသွားငုံ့ကြည့်တယ် ။ သူကတစ်ယောက်ထဲပတ်လည်ရိုက်ရင်း အူမြူးနေပါတယ် ။ နို့စွဲလွန်ပြီး လေထိုးထားသလို
ဖောင်းအစ်ကားနေတဲ့ပါးနှစ်လုံးကြောင့် ကလေးရဲ့နှာတံ နဲ့နှုတ်ခမ်းကလည်း ထိုပါးနှစ်လုံးကြားညပ်နေသေးတယ် ။

Xiao Tu Tu and Leo Where stories live. Discover now