~25~

7.3K 1.2K 129
                                    

အခန်း (၂၅) - သခင်ဟော်နီ ။ ထုထုဟော်နီ ။

မြစ်ကမ်းနားမှာရှိတဲ့တည်းခိုဆောင်မှာသူတို့တစ်ခန်းငှားပြီးအိပ်ခဲ့တယ် ။ ထုထုခြေလက်တွေဆေးပြီးတာနဲ့ သခင့်ကိုယ်ပေါ်တက်ဖို့စောင့်နေပါတယ် ။ ထုထုအိပ်ငိုက်နေလို့သခင်ကပွဲတော်ကနေစောစောပြန်လာတာ ။

Alpha ကအဝတ်တွေချွတ်ပြီးတာနဲ့သူ့ယုန်ကိုအုပ်မိုးလိုက်တယ် ။ ပက်လက်လေးလှဲနေတဲ့ယုန်ကသူ့သခင်ငုံ့နမ်းသမျှခံနေရပါတယ် ။ ပက်လက်အနမ်းခံရတာညောင်းလာပုံရတဲ့ ယုန်ကခြေလေးဆင်းလို့မှောက်ခုံအိပ်လိုက်ပါတယ် ။ လုံးတက်လာတဲ့ဖင်လုံးလေးနဲ့ခြေတိုလေးကိုလက်နဲ့အသာဆုပ်နှိပ်နှယ်ပေးတော့ သူ့ယုန်ကဇိမ်အပြည့်တုန်ခါသွားတယ် ။  Alpha က ဒီညအိပ်ဖို့စိတ်ကူးမရှိ ။ သူသတိထားမိသလောက်အိပ်ချိန်တွေမှာသူ့ယုန်ပြောင်းလဲတတ်တာပဲ ။ သူ့ယုန်ပြောင်းလဲပုံကိုသူသိပ်မြင်ချင်တယ် ။

လည်ပတ်ရလို့ ညောင်းညာကိုက်ခဲနေရှာတဲ့ယုန်က သူ့သခင်ရဲ့အပြုအစုမှာ လန်းဆန်းသွားတယ်။ ဇိမ်ယူလို့ဝတော့ ငုတ်တုတ်လေးထိုင်ပြီး အနည်းငယ်တွန့်ကျေနေတဲ့နေရာကို လက်သေးသေးလေးနဲ့အသာဖြန့်ကာ သခင့်အတွက်နေရာပြင်ပေးပါတယ် ။

သခင်လာအိပ်လိုက်တော့ ။ ထုထုအိပ်ယာပြင်ပေးထားတယ် ။ ထုထု သခင့်ရင်ခွင်ထဲတိုးဝှေ့ချင်နေပြီနော် ။

Alpha က ပြုံးပြပေမဲ့မလှုပ်ရှားတော့ ယုန်ကသူ့သခင်လက်ကိုလက်နှစ်ဖက်ဆွဲတယ် ။ သစ်ပင်တွယ်တက်ဖို့ချောင်းနေတဲ့ ကိုအာလာကောင်လေးလိုမျိုးပေါ့ ။

Alpha က အလိုမလိုက်ဘဲမနေနိုင်တာမို့ သူ့ယုန်ရဲ့မွေ့ယာအဖြစ်ကျေကျေနပ်နပ်ပဲလှဲပေးလိုက်တယ် ။ ယုန်က ဟန်ကျပန်ကျသူ့ရင်ဘတ်ပေါ်တက်လာပြီး ခွေအိပ်တော့တယ် ။ တစ်ညတာလုံး ယုန်ရဲ့ခေါင်းလုံးလေးကိုပွတ်ပေးရင်းစောင့်ကြည့်ခဲ့ပေမဲ့ သူ့ယုန်ကမပြောင်းလဲလာခဲ့ ။ Alpha က
နှမျောစွာနဲ့သက်ပြင်းချလိုက်မိတယ် ။

****

ထုထုနိုးလာတဲ့အချိန် သခင်က တဘက်အဖြူတစ်ထည်ခါးမှာပတ်ထားပြီး ခေါင်းဖြီးနေတယ် ။ ထုထုမေးကိုလက်ကလေးထောက်ပြီးကြည့်လိုက်တယ် ။ ထုထုသခင်ရေလည်ချောနေပါလား။

Xiao Tu Tu and Leo Where stories live. Discover now