~30~

7.9K 1.2K 120
                                    

အခန်း (30) - ဖိုက်တာထုထု ။

Alpha ပြန်ရောက်တာနဲ့တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ မုန့်ပုံထဲဇိမ်ခံနေတဲ့သူ့ယုန်ပါ ။ သူ့ဖခင်ကကျွတ်လာတဲ့ယုန်အမွှေးတွေကိုစုပြီးယုန်ခေါင်းပေါ်အပုံ​လိုက်လေးတင်ပေးထားတယ် ။ ယုန်ရဲ့ကျောပြင်က ဒယ်ဒီ့လက်အောက်မှာကော့ကွေးနေတယ် ။

"ဒယ်ဒီ "

"ဟေ... အင်း ပြန်လာပြီလား အဟမ်း "

"Sean ကိုအစာစိုတွေအများကြီးကျွေးလို့မရဘူး"

"ဘာလို့လဲ ယုန်ပဲစားမှာပေါ့ "

"ဝမ်းပျော့စေတယ်ဒယ်ဒီ  "

"ဘာကျွေးရတာလဲ "

"ဒယ်ဒီသူ့ကို​ကြည့်မရဘူးမလား "

"အေး...  မင်းသွားလို့သနားပြီးကြည့်ပေးနေတာ ရှုပ်ရှုပ်ရှက်ရှက်နဲ့ "

ထုထု ထလာပြီးလူကြီးကြီးကို ဂူးဂူးဂဲဂဲကြည့်လိုက်တယ် ။ ထုထုဘာသာနေတာလူကြီးကြီးပဲ
မုန့်လာယူဆို ။ မုန့်လာယူတော့လိုက်ပွတ်နေတာလေ ။

Alpha က ယုန်စာဗန်းပြင်ပေးလိုက်ပြီး သူ့ဖခင်ကိုသာရယ်နေမိတော့တယ် ။

-----

တောင်ပေါ်ဒေသဖြစ်တာမို့ညမှောင်ချိန်ရောက်ရတာနဲ့အင်းဆက်သံတွေက သံပြိုင်သီဆိုနေတဲ့တေးသွားတွေပမာ ရစ်သိုင်းကျယ်လောင်လာတယ် ။ Alpha က ခန်းဆီးစကိုလုံအောင်ပိတ်ပြီး ဆော့နေတဲ့သူ့ယုန်ကို အင်းဆက်မနားအောင် အဝတ်ပါးလေးခြုံပေးထားတယ် ။

ထုထုဆော့နေတုန်းမာမီ့သီချင်းသံကြားတော့အခန်းပြင်ထွက်ပြီး အသံကြားရာလာခဲ့တယ်  ။ မာမီကညစာပြင်နေရာကနေ ထုထုကိုလှမ်းပြုံးပြတယ်လေ။ ထုထုရှက်ပြီး နံရံအကွယ်လေးမှာပုန်းလိုက်ချောင်းကြည့်လိုက်နဲ့ မာမီ့ကိုချောင်းနေပါတယ် ။

"ဝင်လာခဲ့ပါဦးပဲစိန်လေးရဲ့ "

ထုထုပဲမများထားပါဘူး ။ သခင်ဝတ်ပေးလိုက်တာလေ ။ ထုထုလန်တက်နေတဲ့အဝတ်စကိုသပ်ချပြီးမီးဖိုချောင်ထဲခုန်ဆွဆွဝင်လာခဲ့တယ်။

"မီးဖိုချောင်ထဲအမွှေးတွေလွင့်မယ်ကွာ... ကိုယ့်ကိုပေး "

လူကြီးကြီးက ရေဘူးလာယူသလိုနဲ့ထုထုကိုကောက်ချီပြီး မီးဖိုထဲကအမြန်ထွက်လာတယ် ။ ပြီးရင်ထုထုရှုပ်တယ်လို့ပြောဦးမယ် ။

Xiao Tu Tu and Leo Where stories live. Discover now