~35~

7.7K 1.2K 118
                                    

အခန်း (၃၅) - နှာချေနေတဲ့ထုထုလေး ။

အဆောင်ရှေ့ရောက်တာနဲ့ Alpha က သူ့ယုန်ကိုတင်းနေအောင်ပွေ့ပြီးပြေးဝင်ခဲ့တယ်။ ရေနစ်ပြီးတုန်နေတဲ့ယုန်လုံးကအမွှေးတွေကပ်နေတော့ သနား​စရာလေးဖြစ်နေတယ်လေ ။ ရေတွေက မွေးပွတဘက်ထဲဝင်သင့်သလောက်ဝင်သွားတော့ တဘက်အသစ်တွေထုတ်ယူပြီးယုန်ကိုကော်ပြန့် လိပ်သလိုလိပ်ထားလိုက်တယ် ။ တဘက်ထဲနားရွက်ပေါ်ရုံသာရှိတော့တဲ့ ယုန်လိပ်ထုပ်ကလေးကို မီးလင်းဖိုရှေ့ချပေးပြီးတာနဲ့ Aloha က Dryer လေနွေးနွေးလေးကိုအဝေးကမှုတ်ပေးပါတယ် ။

ယုန်ကနှာထချေလိုက်တယ် ။ နှာရည်အနည်းငယ်စီးလာတော့အရူးကလေးလိုရယ်ပြတယ် ။

"ကိုယ်မှားပြီထင်တယ် "

ယုန်ကလှုပ်မရတဲ့ကိုယ်ကိုတွန့်လိမ်တွန့်လိမ်တိုးလာပြီး သူ့သခင်ရဲ့ရေစိုနေဆဲကိုယ်ထဲဝင်ခွေချင်နေတယ် ။ Alpha က အစေခံတစ်ယောက်ကို Dryer အပ်လိုက်ပြီး ယုန်အိပ်ချင်ရင်အိပ်နိုင်ဖို့သူ့ကိုယ်သူ နွေးထွေးနေအောင်ပြင်ဆင်တော့တယ် ။
သူကသန်မာပေမဲ့ ယုန်အတွက်အိပ်ယာလေးဖြစ်ပေးဆိုရင်နွေးထွေးနေဖို့လိုအပ်တယ် ။

သူပြီးစီးသွားတဲ့အခါယုန်ကလည်းအမွှေးလေးတွေခြောက်လုနီးပါးဖြစ်နေပြီ ။ အစေခံကိုပြန်လွှတ်ပြီးတော့ယုန်ကိုသူပဲဆက်မှုတ်ပေးနေလိုက်တယ် ။ ယုန်ကသူ့ဗိုက်ပေါ်ပျင်းတိပျင်းရွဲမှီပြီး မီးပူဆာလှုံနေပါတယ် ။ သူ့ယုန်ကရေကြိုက်တဲ့ရှားပါးယုန်ဆိုပေမဲ့လည်း ယုန်ကယုန်ပဲဖြစ်
နေသေးတာမို့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီး
နားရွက်ဖျားလေးတွေအေးနေတယ် ။ နှာအဆက်အပြတ်ချေလာတော့ Alpha က နဂါးမီးတောက်လေးတွေနဲ့ခပ်ဖွဖွထိကြည့်လိုက်တယ် ။ အရင်တစ်ခါက Sean အန္တရာယ်မရှိခဲ့တော့သူစမ်း
ကြည့်မိတာပါပဲ ။ ယုန်က နဂါးမီးတောက်လေးတွေကိုစိတ်ဝင်တစားနဲ့ဆော့တော့သူအလင်းမှုန်လေးတွေအဖြစ်ဖြန့်ကျဲပေးလိုက်တယ် ။ အလင်းမှုန်တွေဝေ့ဝဲသွားတဲ့နောက်မှာသူ့ကိုယ်က ရင်းနှီးနေပြီဖြစ်တဲ့ အလေးချိန်ကိုခံစားလိုက်ရပါတယ် ။

ကောင်ငယ်လေး Sean ။ Alpha က မယုံနိုင်စွာငေးရင်းကောင်ငယ်လေးကိုပွတ်သပ်ကြည့်လိုက်တယ် ။ ယုန်ကနွေးထွေးတဲ့သူ့လက်ဖဝါးကျယ်ပေါ်ပါးလေးပွတ်သပ်လို့။

Xiao Tu Tu and Leo Where stories live. Discover now